31

9.1K 818 74
                                    


လေးလံ နေတဲ့ မျက်ခွံတွေကို အားယူ ဖွင့်လိုက်သည့်နောက် တညလုံး ငိုထားခဲ့ရသည် မျက်ဝန်းအိမ်တို့ဟာ အလင်းရောင်ကို မခံနိုင်စွာ ကျိန်းစပ်သွား ရတာမို့ မျက်ခွံတို့ကို ပြန်မှိတ်ချပစ်ရင်း ခပ်ဖြည်းဖြည်းကြိုးစားဖွင့်ရသည်။
ခါးထက် တင်း ကျပ်နေသည့် သန်မာသည့် လက်မောင်းတို့ကရစ်ပတ်လျက် ရှိသည်။

ကျောရိုး တလျောက် စိမ့် ခနဲ နာ ကျင်မှု၊အောက်ပိုင်းမှစပ်ဖျင်းဖျင်းခံစားချက်နှင့်အတူ စေးကပ်နေကာ မသန့်ရှင်းသည့်အောက်ပိုင်းကြောင့် နှုတ်ခမ်းကို ခပ်ဆဆကိုက်မိရင်း တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည့် လက်ကို အသာအယာ ဖယ်ခွာကာ အိပ်ယာမှ ထရန် ကြိုးစားရသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ဦးက တော့ အပူပင်ကင်းစွာ။

သွေးစတို့နှင့်ပေပွနေသည့် အိပ်ယာခင်းအဖြူဆီအကြည့်ရောက်မိတော့ မျက်ရည်က ဝဲပြန်သည်။

ကုတင်ခြေရင်း ရှိ ခုံပေါ် တွင် အသင့်တင်ထားသည့် သဘက် တထည်ကို ယူကာ ခါးထက် ရစ်ပတ်လိုက်ရင်း ရေချိုးခန်းရှိရာ ခပ်ဖြည်းဖြည်းအားယူကာ သွားရသည်။

ရေနွေးနွေးနှင့် ဆေးကြော သန့်စင်ပြီး နောက်အနဲငယ် သက်သာ သွားရသလို ရှိပေမဲ့ လမ်းလျှောက်လျင်တော့ ခပ်ဖြည်းဖြည်းသွားရဆဲပင်။  ရေချိုးခန်းထဲမှ ပြန် ထွက် လာသည့်တိုင် ဦး က အိပ်ပျော်နေဆဲမို့   ခြေသံကို ခပ်ဖွဖွနင်းရင်း  ညက ဦး လက်ထဲပါသွားသည့် ဖုန်းကို အသဲအသန်ရှာရသည်။

ကြမ်းပြင်တွင် အပုံလိုက်လေး ကျနေသည့် အင်္ကျီလေးကတော့ ဝတ်လို့ မရအောင်စုတ်ပြဲသွားပြီမို့ အကောင်းတိုင်းရှိနေသေးသည့် ဘောင်းဘီကို သာယူဝတ်ရင်းbathrobe အဖြူ ကိုသာ အင်္ကျီသဖွယ် ဝတ်ထားရသည်။

ခပ်လှမ်းလှမ်း ရှိ စားပွဲ ထက် ကျွန်တော့် ဖုန်းကို တွေ့လိုက် ရတာမို့ ဝမ်းသာ အားရ ပြေးယူလိုက်ရင်း စက်ပိတ်ထားသည့် ဖုန်းကို ပါဝါပြန်ဖွင့်လိုက်တော့  Daniel၏ missed callပေါင်းများစွာက နီရဲ လျက်ရှိပြီး  messageပေါင်းများစွာ။

ဦး ဘက် တချက် ငဲ့ ကြည့် လိုက်တော့   ကုတင် ခေါင်းရင်း ကိုမှီကာ  ခပ်အေးအေးထိုင်ကာ  ကျွန်တော့်ကို အေးစက်စက် စိုက်ကြည့်နေသည့် ဦးကြောင့် လက်ထဲ က ဖုန်းပင် လွတ်ကျမတတ်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now