အိမ်တံခါးpwကို နှိပ်ကာ ဖွင့်ဝင်လိုက်တော့ အိမ်တံခါးဝ ရပ်နေတဲ့ ဝိုင်းစက်ကာ အံ့ဩောနေတဲ့ မျက်နာပေးနှင့် သူကို ဆယ်ဟွန်း တွန်းတိုက်ကာ အိမ်ထဲဝင်တော့ ပြုံးအီနေတဲ့ မျက်နှာပေးသိုေ့ပြာင်းလဲ သွားပြီဖြစ်တဲ့ အနောက်ကနေ သိုင်းဖက်ကာ တောက်တဲ့ကပ်နည်းကား ဖြင့်ကပ်ပါလာသည်၊
" ဘာလုပ်တာလဲ ဖယ်ပါ"
" ကိုယ့် ဟွန်းနီးလေးက ပြန်လာသားပဲ...ချစ်လိုက်ရတာကွာ"
ခါးသိမ်သိမ်ကို အားကြီးနှင့်ဖျစ်ညှစ်လိုက်မှုကြောင့်အင့်ခနဲပင် အသံမည်သွားရတဲ့အထိ၊
အသားယူလွန်းတာက များနေပြီမို့ ပြုတ်တူပမာ မြဲမြံနေသည့် လက်အစုံကိုဆွဲ ဆတ်ဖြုတ်ကာ ဒေါနှင့်မောနှင့် ရန်တွေ့မည် ပြင်စဉ်မှာ ပဲ...
" ဦး..တော်တော်လေးလွန် * ပြွတ်စ်*"
ထူပြည့်ပြည့်နှုတ်ခမ်းသားတို့ ၏ တမွမွ ပြိုကျလာမှုကို မတားနိုင်ခဲ့၊
" မကြိုက် ဘူးဆို *ပြွတ်စ်*"
" ကိုယ်ကြိုက်တယ် ကွာ"
တယောက်ထဲ ပြန်လာမိတာ မှားပြီ ထင်ပါရဲ့၊
" အဲ့လို ဆက်လုပ်နေမယ်ဆို နာအွန်းကိုခေါ်ပြီး အဝေးကို ထွက်သွားလိုက်မှာနော်"
ဦးက ရေစက်လက်စိုနေသည် ဆံပင်တွေကို လက်နှင့်ထိုးဖွ ရင်း ဟက်ခနဲ ပြုံးသည်။
" သွားလေ မြေလှန်ရှာမှာ ကိုယ်က မရှာ တတ်ဘူးဆိုတော့ "
အိမ်ထဲ ဆောင့်အောင့်ကာ လျှောက်သွား တော့လဲ အနောက်ကနေ ခလေးထက်ဆိုးတဲ့ ဦးက တကပ်ကပ်ပါလာပြန်သည်။
" ဘာလိုက်လုပ်ပြန်တာလဲ ညနေစာ ထမင်းချက်ထားလား "
"မချက်ထားပါဘူး ဟွန်းနီးမှ မရှိတာ ကိုယ့်ကို ဘယ်သူက ချက်ကျွေးမှာလဲ"
သက်ပြင်း ချ မိသည်။
ဆယ်ဟွန်းသာ ပြန်မလာ ရင် ဒီ ခလေးဆိုးက အစာခံကာနေမလားမသိ၊
ရေချိုးမည့်အစီအစဉ်အစား မီးဖိုခန်းထဲ ဝင်ရပြန်သည်။
ဝတ်ထားသည့် ရှပ် အင်္ကျီလက်ရှည်ကိုခေါက်တင် ပြီးနောက် ဆန်ဆေး နေတော့လဲ စားပွဲ ပေါ် မေးထောက်ကာ စိမ်ပြေနပြေထိုင်ငေးနေပါသည့် ဦးကြောင့် လက်က တုန်ချင်ချင်၊
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me