17

6.4K 597 31
                                    

ဦး က ဂျပန်ကို အလုပ်ကိစ္စနှင့်ခရီးသွားရမှာမို့ဆယ်ဟွန်း မနက်အစောကြီးထကာလိုအပ်တာတွေပြင်ဆင်ပေးနေမိသည်။

Language ထဲအဝတ်စားတို့ခေါက်ထည့်ပေးနေရင်းက အိမ်ရှင်မ တယောက်နှင့်တဖြည်းဖြည်းတူလာတာသောကိုယ့်အဖြစ်ကိုသတိပြုမိလေသည်။

ဆယ်ဟွန်း သာ မိန်းခလေးဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ...
အနည်းဆုံးတော့ ဦးအနားမှာသေချာပေါက်နေနိုင်လိမ့်မည်။

အနောက်ကနေ သိုင်းဖက်လာတဲ့လက်တစုံကြောင့်သက်ပြင်းသဲ့သဲ့ချလိုက်မိလေသည်။

"ဦး အင်္ကျီသွားဝတ်"

အပေါ် ပိုင်းဗလာနှင့်ဦး က ရေချိုးခန်းက ထွက်လာစမို့ ရေပင်မသုတ်ရသေးပေ...

ဆယ်ဟွန်း တစ်ကိုယ်လုံးကို ဦး ရင်ခွင်ထဲနစ်ဝင်မတတ် သိုင်းဖက်ထားတာမို့ အနဲငယ် နေရခက်နေလေသည်။

"ဖယ် ပေး "

"မဖယ် ဘူး ၃ရက်တောင်ခွဲရမှာ အဝဖက်ထားမှာ"

တဇွတ်ထိုင်းနိုင်လှသည့် ဦးနှင့်ဖက်မဖြစ်တော့ပဲ အသာငြိမ်ပေးလိုက်ရသည်။

လည်ဂုတ် ပေါ် တရွရွတို့ထိ လာသည့် နှုတ်ခမ်းတို့ကြောင့်ကြက်သီးမွှေးညင်းပင်ထလာရသည်။

မျက်နှာချင်းဆိုင်လှည့်ယူလိုက်တာကြောင့် ဦး ရင်ဘတ်ပြင်ဖွေးဖွေး က ဆယ်ဟွန်းမြင်ကွင်းထဲဝင်လာရတာကြောင့် မျက်လွှာချမိသည်။

ယောက်ျားလေးချင်းရှက်စရာမရှိပေမဲ့ ဦး ဖြစ်နေလို့ကို ရှက်သည်...

"ကိုယ့်ကို ကြည့်လေ"

ပါးပြင်တလျှောက် လက်ချောင်းတို့နှင့်အသာတို့ထိလာရင်း မေးဖျားတလျှောက်ပွတ်ဆွဲနေလေ၏

"မော့ လို့"

ဆတ်ခနဲ ပင့်မော့ခံလိုက်ရသည့်မေးဖျား ကြောင့် ဦး မျက်နှာကို မကြည့်ရဲပေမဲ့လဲကြည့်ရတော့သည်။

သိပ်လှသည့် ဦး မျက်ဝန်းတွေက ခုလို အချစ်ရိပ်တို့ပြည့်နေတဲ့အခါ ပိုလှသည်။

" ကိုယ် မင်းကို အရမ်းတွေအသဲယားနေပြီဆိုတာသိလား"

"ဟင့်အင်း"

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now