စာကြည့်ခန်းထဲဝင်သွားတော့...
ဦးက အလုပ်စားပွဲတွင်ထိုင်ကာအလုပ်လုပ်နေလေသည်။"ဦး ကော်ဖီသောက်မလားဟင်"
ညဘက် black coffeeသောက်လဲအိပ်ပျော်တတ်သည့်ဦးကအံ့မခန်းပါပဲ...
"အင်း လာပို့ပေးရင်တော့ကျေးဇူးတင်မိမှာ"
ကော်ဖီဗန်းပို့ပြီးသည်နှင့်မအိပ်ချင်သေးတာမို့ ဦး နားက ဒရင်းဘတ်ပေါ်ထိုင်ရင်းစာအုပ်ယူဖတ်နေလိုက်သည်။
တွေ့ရာနေရာအိပ်ပျော်တတ်သည့်ဆယ်ဟွန်းအကျင့်ကြောင့်ဆယ်ရွက်လောက်ပဲဖတ်ရသေးအိပ်ပျော်သွားချေပြီ...
တစ်ကိုယ်လုံးလေပေါ်မြောက်သွားသလိုခံစားချက်နှင့်အတူ ရင်ထဲလှပ်ခနဲ...
"ဦး ..."
"နိုးသွားတာလားဆက်အိပ်လေ"
ခု...
ခုသူ့ကိုဦးကပွေ့ချီထားတာ...ဆယ်ဟွန်းအိပ်ခန်းထဲကုတင်ပေါ်အရောက်ပို့ပေးသည့်အပြင်စောင်ပါခြုံပေးသွားလေသည်။
ဘေးကခေါင်းအုံးကိုဆွဲယူကာ တဗုန်းဗုန်းထုရိုက်မိသည်။
ရင်ထဲဗြောင်းဆန်နေရသည့်ထူးခြားသည့်ခံစားချက်ကြီး...
အိပ်ချင်စိတ်များကကြက်ပျောက်ငှက်ပျောက်...
ထူးဆန်းနေတဲ့ခံစားချက်ကြီးက
ဘာမှန်းသေချာမသိပေမဲ့လို့...
ထူးဆန်းနေတာတော့သိသည်။***********************
ချန်ယောလ်အလုပ်ပြီးသည့်အချိန်မှာတော့ဟွန်းနီးကအိပ်ပျော်နေလေပြီ။
တွေ့တဲ့နေရာမှာအိပ်ပျော်တတ်တာကခလေးလေးတယောက်လို...ဒရင်းဘတ်ပေါ်ခွေခေါက်အိပ်ပျော်နေသည့်ကိုယ်လေးကိုပွေ့ချီလိုက်တော့နိုးသွားလေသည်။
"ဦး..."
အံ့ဩောသွားသည့်မျက်ဝန်းလေးတွေကိုမသိကျိုးကျွန်ပြုရင်းအခန်းထဲအရောက်ပို့ပေးခဲ့သည်။
ချစ်သလား...အတပ်မသိပေးပေမဲ့...
ရင်ခုန်နေတာတော့သေချာသည်။တလအတွင်း ...
တိုတောင်းလှတဲ့တလဆိုတဲ့အချိန်အတွင်း ဟွန်းနီးကသူ့ကိုဆွဲဆောင်နိုင်သည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me