ဒီနေ့နဲ့ဆို ဦး ပြန်မလာတာ၎ရက်ပင်ရှိနေပြီ...
ညဘက် ဖုန်းပြောဖြစ်ကြပေမဲ့ ဦး အနားမှာမရှိတာ နေရထိုင်ရအဆင်မပြေပါချေ...
နှစ်ယောက်အိပ် မွေ့ယာ ကြီးရဲ့ တဖက်စွန်းတွင်ဝင်လှဲလိုက်ရင်း လွတ်နေသည့်တဖက်ကိုငဲ့ကြည့်လိုက်ပါ၏...
၎ရက်...
ဦး အနားမှာ ၄ရက်မရှိတာနဲ့တင် သေမလိုတွေ ခံစားနေရတာ...
ဦး အနားက ထွက်သွားရမဲ့အချိန်ရောက်လာခဲ့ရင် ခံနိုင်ရည်ရှိပါ့မလား?မနက်တိုင်း အိပ်မောကျနေလေ့ရှိတဲ့ဦး မျက်နှာဖောင်းဖောင်းလေးကို ငေးခွင့်မရတော့တဲ့အခါ...
နွေးထွေးလွန်းတဲ့လက်ဖဝါး ကြီးကြီးတို့ကို ဆုပ်ကိုင်ခွင့်မရတော့တဲ့အခါ...
ကြည်တောက်တောက်မျက်ဝန်းဝိုင်းဝိုင်း လေး တွေရဲ့နွေးထွေးလွန်းလှသည့် အချစ်မျက်ဝန်း တို့ နဲ့ အကြည့် ချင်းဖလှယ်ခွင့်မရှိတော့တဲ့အခါ
ထူအိအိနှုတ်ခမ်းဖူးဖူးတို့နဲ့ မသက်ဆိုင်တော့တဲ့အခါ...
ကျွန်တော် ချစ်ရတဲ့ဦးနဲ့ မဆိုင်သလို နေရမဲ့အခါ...
ကျွန်တော် ခံနိုင်ရည်မရှိလောက်ဘူး ...ဦးရယ်
***********************
၆ရက်မြောက်နေ့မနက်စောစော ဦးဆီက ဖုန်းဝင်လာတာမို့ လေဆိပ်ကို သွားကြိုဖို့ တွေးမိလေသည်။
အချိန်ကို ကြည့်တော့ နေ့ခင်း၁၂နာရီသာ ရှိသေးတာမို့ အိမ်အောက်ထပ်ဆင်းကာ ခြံထဲကပန်းရုံထဲသွားထိုင်နေဖို့စိတ်ကူးလိုက်သည်။
ဆယ်ဂျု ဘန်ကောက်ဘက်ရောက်နေကြောင်းသတင်းကြားရပြီမို့appaက လိုက်သွားဖို့ပြင်နေလေပြီ...
လေးလံနေရတဲ့စိတ်ကြောင့် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင်နုန်းခွေနေ၏
ဘာမှစားချင်စိတ်လဲမရှိတာမို့ မနက်စာပင်မစားရသေးချေ...ညက ဆယ်ဂျု သတင်းကြားပြီး တညလုံးအိပ်မပျော်ခဲ့တာမို့ တရေးလောက်အိပ်ဖို့လိုနေလေပြီ...
ခြံထဲဆင်းမည့် အစီအစဉ်ကိုဖျက်လိုက်ရင်း အိပ်ပျော်ဖို့ကြိုးစားနေမိသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me