"သွား ရအောင် "
မကြာမီ လေ ယာဉ်ထွက်ခွာတော့မည်ဖြစ်ကြောင်း အချက်ပေးသံနှင့်အတူDanielထံမှ အသိပေးသံသဲ့သဲ့...
လက်ထဲ ကဖုန်းကို သံယောဇဉ်မပြတ်စွာ ငေးနေမိရင်း ဦး ထံ မှ ဖုန်းအဝင်callလေးကို မျှော်နေမိသည်။
ဟက်...
နောက်ဆုံး အနေနဲ့ ပဲဖြစ်ဖြစ်ဆွဲ ထားအုန်းမလားဆိုတဲ့ ရူးသွပ်မှုလေးဟာ danielရဲ့ လက်ဆွဲခေါ်မှုနောက် လွင့်ပျယ်သွားရသည်။တကယ်လို့...
တကယ်လို့များပေါ့...
ဦးက အခုချိန်မှာ အနားက မထွက်သွားဖို့အတွက် ဆွဲ ထားခဲ့ရင်ပဲ ဖြစ်ဖြစ် ပေါ့...
ကျွန်တော် သေချာပေါက် စိတ်ပြောင်းမိမှာပါ...
ချစ်တယ်...
ဒါပေမဲ့...
ဒီလောက်နဲ့ ပဲဝေးကြရအောင်ပေါ့...
.Londonရောက်သည်နှင့်လက်ရှိကိုင်နေသည့်ဖုန်းနံပါတ်ကိုပါ အသစ်ပြောင်းခြင်းဖြင့် စတင်အဆက်သွယ်ဖြတ်လိုက်သည်။
Danielရဲ့ အဖေနဲ့ အမေက သဘောကောင်းသည်မို့ အကျိုးအကြောင်းရှင်းပြခဲ့ပြီး ခလေးလေးမွေးပြီးတဲ့ အချိန်ထိ တော့ အိမ်တွင်နေခွင့်ပေးရန် ခွင့်တောင်းထားခဲ့သည်။
မွေးဖွားဖို့အတွက် ဆရာဝန်ကအစ လိုလေသေးမရှိ စီစဉ်ပေးတဲ့Danielကိုသာ အထပ်ထပ်ကျေးဇူးတင်မိသည်။
ကိုယ်က ဘာမှ ပြန်မပေးနိုင်ခဲ့သည့်အတွက်လဲ စိတ်မကောင်းနိုင်ပါ။Danielတို့ မိသားစု က မိသားစုဝင်၃ယောက်ထဲမို့ ဆယ်ဟွန်းကို သာ ခလေးသဖွယ် သဲသဲလှုပ် ဂရုစိုက်ကြတာ အားနာလွန်းလို့ အနေရခက်သည်အထိ။
.
Wolverhampton မြို့ငယ်လေးရဲ့ ညနေခင်းတွေဟာ သိပ်လှပလွန်းပါရဲ့...
ခြံဝန်းခပ်ကျယ်ကျယ်ရှိ စားပွဲဝိုင်းလေးတွေတွင် သိသိသာသာစူမို့လာတဲ့ ဗိုက်လေးကိုခပ်ဖွဖွအုပ်ကိုင်မကြားနိုင်မှန်းသိပေမဲ့တယောက်ထဲ စကားထိုင်ပြောနေမိသည်။
၅လကျော်လာပြီဖြစ်တဲ့ ကိုယ်ဝန် ကြောင့် ယောင်ယမ်းနေတဲ့ ခြေချောင်းလေးတွေက ခပ်ဖောင်းဖောင်းဖြင့် လမ်းလျှောက်လို့ပင်သိပ်မကောင်းတာမို့ ထိုင်ပဲ ထိုင်နေပြန်တော့ လဲခါးနာသည်။
မူးဝေအော့အန်တာတွေ မရှိတော့သည်မို့ တနေ့တနေ့ မရိုးနိုင်အောင် တမျိုးပြီး တမျိုးလုပ်ကျွေးသည့်daniel momကြောင့် ကိုယ်အလေးချိန်တက်လာကာမေးရိုးချွန်ချွန်တို့ပင်ပြောက်လုလုနီးနီးဖြစ်နေပြီး ပါးတွေပင်မို့အစ်အစ်ဖြစ်နေလေပြီ။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Hayran Kurguလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me