32

9K 795 81
                                    

   ဆင်ဝင်အောက် ကားရပ် လိုက်သည်နှင့် ကားနားသို့ အပြေးရောက်လာသည့် ဆယ်ဂျု သည်  သူ့ပုံစံကြောင့် ပြုံးနေသည့် မျက်နှာပင် ပျက်ကြသွားသည်ကို  မကြည့်ပဲ သိသည်။

ဟို တယ်မှ ပြန်လာသည့် သူ့ပုံစံဟာငိုရလွန်းလို့ မို့အစ်နေသည့် နီကြောင်ကြောင်မျက်လုံးများနှငိ့ အနဲငယ် ဖရိုဖရဲနိုင်နေသည့်တွန့်ကြေနေသည့် အင်္ကျီတို့ကြောင့် ဘယ်လို မှ ကြည့်ပျော် ရှုပျော် အနေအထားပင် မရှိချေ။

အိမ် ပေါ် ထပ်သို့ တက်သွားသည့် တောက်လျှောက် ဆယ်ဂျု က ဘေးတွင် ကပ်ပါလာပေမဲ့ဘာဆို ဘာမှ မမေးပါပဲ ခပ်ကုပ်ကုပ် သာ ပါ လာသည်။

အိပ်ခန်းထဲ ရောက်သည်နှင့် ကုတင်ပေါ် ကန့်လန့် ဖြတ် လှဲချ မိကာ  ဘေးတွင် ခပ်ရို့ရို့လေး ရပ်နေသည့် ဆယ်ဂျု့ ထံ

" ကော်ဖီ ခါးခါးလေး တခွက်လောက်ရနိုင်မလား  သံပုရာသီးတစ်စိတ်ပါ ယူလာခဲ့ပေး"

ဖြတ်ခနဲ လက်သွားသည့် ဆယ်ဂျု့ မျက်ဝန်းတွေ...
အရင်တုန်းက ဆို ကော်ဖီဖျော်ခိုင်းပေးဖို့ ဝေးစွ  ဆယ်ဂျု အလိုက်တသိ ဖျော်လာပေးရင်တောင် မသောက်ပဲ ထား ပစ်ခဲ့သည်အထိ  ပစ်ပစ်ခါခါ လုပ်ခဲ့တာ။

"ဟုတ် ဟုတ်  ဦး"

ဆယ်ဂျု  သူ့ အပေါ်  အရမ်း သဘောကျနေတယ် ဆိုတာလဲ မြင်မိတယ်။
သူ့အတွက်နဲ့  အရင်က လို ဆတ်ကော့ လတ်ကော့ ကောင်မလေး အဖြစ်မှ ကြိုးစားပြီး ပြောင်းလဲယူနေတာလဲ မြင်တယ်။

" ဦး..
ကော်ဖီ ရပါပြီ။ဒါနဲ့လေ   ရေချိုးမလား ဟင်  ဦး ကြည့်ရတာ နုန်းနေသလား လို့"

ခေါင်းညိတ်ပြလိုက်တော့ မျက်လုံးတွေ မှိတ်ကျအောင်ပြုံးသည်။
ဆံပင်အရှည်ထားနေပုံရသည့် ဆယ်ဂျုဟာ အရင်လို မိန်းမမကျယောက်ျားမကျ ဆံပင်တိုလေးဟာ ယခုတော့ ဂုတ်ပေါ်ခပ်ဝဲဝဲကလေးနှင့် မိန်းမအတော်ဆန်လာပြီ။
ယခင်ကလိုeyeshadow ခပ်မည်းမည်းတွေသာ ချယ်လေ့ရှိတဲ့ မျက်ဝန်းအစုံ ဟာ ယခုအခါသဘာဝအတိုင်း တောက်ပ လို့ နေသည်။
တစုံတယောက်လိုပြုံးလိုက်တိုင်း ပေါ်လာတဲ့  သွားစွယ်ချွန်တွေ မရှိပေမဲ့  သူမလေးက  ချစ်စရာတော့ကောင်းပါသည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now