19

6.6K 632 45
                                    

တပတ်..
ဦးအနားမှာရှိနေခွင့်ကတပတ် ဆိုသည့် အချိန် သာ ကျန်တော့သည်။

ဆယ်ဂျု လဲပြန်ရောက်နေပြီဖြစ် တာကြောင့် ဆယ်ဟွန်း ဆက် ပြီး ဦး အနားမှာရှိနေခွင့်မရတော့ပေ...

ဆယ်ဂျု က လွန်ခဲ့တဲ့ ၂ပတ် လောက်ထဲက ပြန်ရောက်နေပြီဖြစ်ပေမဲ့
ချက်ချင်းဆို ဦး ရိပ်မိသွားနိုင်တာကြောင့် အစားထိုးဖို့ကမဖြစ်နိုင်သေးတာကြောင့်ဖြစ်သည်။

" ဦး ညနေ ကျ စောစောပြန်လာခဲ့ပါလား အိမ်မှာ ညစာ စားဖို့ခေါ်ထားတယ်  ဟွန်းနီးကတော့ သွားနှင့်မယ်လေ ဦးပဲအိမ်ကိုလိုက်လာခဲ့"

အလုပ် သွားဖို့ အတွက် အင်္ကျီဝတ်နေသည့် ဦး ကိုကြယ်သီးကူတပ်ပေးနေမိသည်။

" အင်း စောစော ပြန် လာခဲ့မယ်နော် အသဲလေး"

ဆယ်ဟွန်း ခါးထက် ရစ်ပတ် ဖက်တွယ်လာရင်း ပါးကို နှာခေါင်းချွန်ချွန်နှင့်ပွတ်တိုက်ရင်း မထိတထိစနောက်လာသည့် ဦး ရင်ဘတ်ကို လက်ဖြင့် တွန်းနေသည့် တိုင် လူဆိုးကြီးက မဖယ်ပေးသည့်အပြင် နှုတ်ခမ်းပါးတို့ကို သိမ်းပိုက်လာသေးသည်။

" အသွေးအသားနဲ့လူ ကွ အသဲယားအောင်သိပ်မလုပ်စမ်းနဲ့"

ပူနွေးစိုစွတ်နေဆဲနှုတ်ခမ်း သားတို့က ဦး လက်ချက် ကြောင့် နီရဲနေတော့မှာ မှန်မကြည့်ပဲသိနိုင်သည်။

" ဟော ..ဟွန်းနီး က ဘာလုပ်လို့လဲ သူ့ဘာသူ ချစ်ဖို့ကောင်းနေတာတော့ မတတ်နိုင်ဘူး"

နှုတ်ခမ်းကို တမင်သက်သက် ဆူ ထားရင်း မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြလိုက်တော့ အသဲယားသွားပုံ ရတဲ့ ဦး က နှုတ်ခမ်း ကိုက်ကာ ကြည့်လာလေသည်။

" အတင်းအကျပ် သိမ်းပိုက်ပစ်ရင် ငိုမှာလား"

" မုန်းပစ်မှာ "

ရီဝေဝေ ငုံ့ မိုးကြည့်နေသည့်အကြည့်တို့ကို ရင်မဆိုင် ရဲစွာ ခေါင်းငုံ့ ချမိတော့ ဦး..ရယ်သံခပ်တိုးတိုးကို ကြားရသည်...

." ကဲပါ သွားတော့ သွား ညနေ စောစော လာခဲ့ "

အခန်းပေါက်ဝရောက်နေပြီးမှ ဆယ်ဟွန်းဘက် တချက်လှည့်ကြည့်လာရင်း...

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now