ည က busanက ပြန် ရောက်တာ မနက် ၂နာရီလောက် ကမှဖြစ်သည်။
အခန်းထဲဝင်ဝင်ခြင်း အရက်ပုလင်းတွေ ဖရိုဖရဲနှင့် ကြမ်းပြင် ပေါ် ခွေခွေ လေးအိပ်နေတဲ့ဟွန်းနီးကို တွေ့လိုက်ရသည်။"အဆိုးလေး...အရက်တွေ သောက်တယ်"
ပွေ့ချီလိုက်တော့ မျက်လုံးလေး မပွင့်တပွင့်နှင့် သူ့ ကို ပြုံးပြလာသေးသည်။
မွေ့ယာ ပေါ် အသာ တင် ပေးရင်း နဖူး ပေါ် က ဆံပင်လေး ကို သပ်တင်ပေးလိုက်ရင်း အမြတ်တနိုး ကြည့်နေမိသေးသည်။" ဦး.."
သန္တာ ရောင် နှုတ်ခမ်းပါး ငယ် ဟာ ပွင့်ဟလာသည့်နောက် သူ့ကို ညီးညူ သလို အသံတိုးတိုးလေးနှင့် ခေါ်သည်။
" ချစ် တယ် ရူး မတတ်ပဲ"
သူ ဟာ မှင်သက်နေဆဲမှာပင် နှုတ်ခမ်း ထက် ဖိကပ်လာတဲ့ နှုတ်ခမ်းသေးသေးလေး...
ခန္ဓာကိုယ် ထဲရှိသွေးတွေပါ ပွက်ပွက်ဆူကုန်ပီထင်ရလောက်အောင် လူ တစ်ကိုယ်လုံးရှိန်းခနဲ...ဟွန်းနီး မူး နေတယ် ဆိုပေမဲ့ ချစ်တဲ့အကြောင်းကို တော့ ဘယ် အမူးသမား ကမှမဟုတ်ပဲပြောမည် မထင်...
သူ့နှုတ်ခမ်း တခုလုံးကို ခပ်ရွရွလေး ဖိငုံကာ တသွယ်စုပ်ယူကာတသွယ်ဖြင့်နမ်း လာသည့်နှုတ်ခမ်းပိစိလေးရဲ့ နောက် သူ့ ကိုယ် ကဟွန်းနီးပေါ် အုပ်မိုးလိုက်ပီဖြစ်သည်။
နှုတ်ခမ်း နှစ်ခု ရဲ့ အဖိအဖွ တိုင်းက နူးနူးညံ့ ညံ့...
သန္တာရောင် နှုတ်ခမ်းသေးသေးလေးရယ် အရက်ရှိန်ကြောင့် နီမြန်းနေတဲ့နှင်းဆီသွေး ပါးပြင်လေးတွေ ...
စင်းကျနေတဲ့မျက်တောင်ဖျားတွေပါ မကျန် မျက်နှာလေးတခုလုံးကို နေရာမလပ် နမ်းရှုံ့မိသည်။လည်တိုင်ထက် သူ့ နှုတ်ခမ်း တွေ ဆင်းသက်မိတော့ ညည်းညူသံခပ်တိုးတိုး...
သူဟာ ထို အချိန်ထိ ဟွန်းနီးရဲ့ လည်ဇလုပ်ကိုသူမမြင်မိသေးပါဘူး...
ဟွန်းနီး ရင်ဘတ်ပြင်ရှိ ကြယ်သီးတို့ ဆွဲဖြုတ်ပီးသည့် နောက် ...
မြင် လိုက်ရသည့် မြင်ကွင်းကြောင့်အနမ်းတို့ဟာ ရပ်တန့်ကုန်လေသည်။ရင်ဘတ်ပြင်ဟာ ရှိသင့်ရှိထိုက်သင့် သည့်အမို့အမောက် တွေ...
လုံးဝကို မရှိပါပဲ ပြားချပ်ချပ် ရင်ဘတ်ပြင် ဖွေးဖွေး ထက် စွပ်ကျပ် အပါးသားလေး တထည် သာ ဝတ်ဆင်ထားလေသည်။
ထို့ နောက် ထိကပ်နေသည့် ခန္ဓာကိုယ်အောက်ပိုင်းအရ တင်းမာနေသည့် ထိုအရာ...
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me