"မတွေ့တာ ကြာပြီနော် ...ဦး"
မျက်တောင်ပင်ခတ်ဖို့မေ့လျော့နေမိလောက်အောင် ချန်ယောလ် ငေးစိုက်ကြည့်နေမိတာ အချိန်အတော်ကြာသည်အထိ။
မျက်စိရှေ့ က သိသိသာသာ ပြောင်းလဲ သွားတဲ့ ဟွန်းနီးရဲ့ ပုံရိပ်လေးဟာ မျက်တောင်ခတ်ဖို့ပင် မေ့လျော့နိုင်လောက်အောင်ပြုစားနိုင်လွန်းသည်။
သိသိသာသာကျယ်ပြန့်လာတဲ့ ပုခုံးကျယ်တွေက တဖြောင့်ထဲ ကြည့်ကောင်းလှစွာ။
ယခင်က မှိုလုံးလေးသဖွယ် ရွှေအိုရောင်ထူအုပ်အုပ်ဆံပင်လေးတွေရဲ့အစား ပိတုန်းရောင်ဆံနွယ်တိုရှင်းရှင်းက သပ်တင်ထားသည်မို့ နဖူးပြေပြေလေးက ရှင်းနေခဲ့သည်။
လခြမ်းကွေးသဖွယ်ကြည်စင်တဲ့ မျက်အိမ်သေးသေးကျဉ်းတွေက တည်ကြည်မှုတို့အပြည့်။
တံထောင် ဆစ်ထိ ခေါက်တင်တင်ထားသည့်coatရဲ့ အောက်လက်ဖျံရှိ ကြည်လဲ့လဲ့ အသားရည်ထက် သွေးကြောစိမ်းတို့ကိုညအမှောင်အောက်ထင်ရှားစွာမြင်နေရသည်အထိ။အောက်ခံ အင်္ကျီpoloရှပ်ချိုချဉ်ရောင်ကြောင့် ဖြူဖွေးသည့်လည်တိုင်ကထင်းနေသည်။သူဟာ မသိလိုက်ခင်မှာပဲ ဟွန်းနီး ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲ ပွေ့ပစ်မိခဲ့သည်။
ဟွန်းနီးလက်ထဲ က ပြုတ်ကျကုန်သည့်အထုတ်တို့ကိုလဲ ဂရုမစိုက်နိုင်အားခဲ့ပါ။
ယခင်က နို့နံ့ ရောသည့်ကိုယ်သင်းရနံ့ အစား အမျိုးအမည်တပ်၍ မရနိုင်သော သင်းဖျော့ဖျော့ ယောက်ျားဆန်သည့် ကိုယ်သင်းရနံ့ ကို ရင်ခွင်ထဲ မှ ကောင်ငယ်လေးဆီက မိန်းမူးဖွယ်ရနေသည်။
အကြိမ်ကြိမ်ပွေ့ပိုက်ခဲ့ဖူးသည့်နွေးအိအိကိုယ်လုံးလေးဟာ ယခုတော့ သူနှင့်မတိမ်းမယိမ်း ခန္ဓာကိုယ် အနေအထားနှင့် ကျစ်ကျစ်လစ်လစ်ဖြစ်လို့နေသည်။" လွမ်းနေခဲ့တာ အရမ်းလွမ်းနေခဲ့ရတာ"
ဟွန်းနီး က ပြန် မဖက်တွယ်ခဲ့သလို ဘာတခုမှ ဝင်ပြောခဲ့ခြင်းမရှိ။
တောင့်တင်းနေသည့် ခန္ဓာကိုယ်လေးအရ မနှစ်မြို့ဟန်ရသည်။လက်မောင်းရင်းမှ ဆုပ်ကိုင်လိုက်ရင်း မျက်နှာချင်းဆိုင်မိသည့်နောက် ဖျော့တော့တော့မျက်ဝန်းလေးတွေနှင့်ဆုံသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me