" ကိုယ်သွားတော့မယ်"
ဟွန်းနီး က မနက်စာအစားမပျက် ပါပဲ ခေါင်းညိတ်ပြလာသည်။
အရင်ကဆို...
ကား နားထိ လိုက်ပို့ ပေးလေ့ရှိတဲ့ ဟွန်းနီးက ခုတော့ မနက်စာသာ အေးအေးလူလူ စားရင်းကျန်ရစ်ခဲ့သည်။ပြောင်းလဲတာကတော့ ထိုတခု ထဲမဟုတ်...
မိန်းခလေးတွေလို လှတပတ ပြင်တတ်လာတာတွေ...
အရင်က မကြိုက်ပါဘူးဟု ခါးခါးသီးသီးငြင်းခဲ့တဲ့coffeeတနေ့ ၂ခါလောက်ဖျော်သောက်တတ်တာတွေ့သည်။
သူနဲ့ လဲ အရင်ကလို မဟုတ်ပါပဲ ခပ်စိမ်းစိမ်းဖြစ်လို့နေသည်။
စာမေးပွဲနီးနေပြီဖြစ်ပေမဲ့ စာတလုံးမှခုထိ ကျက်တာမတွေ့ရသေးပေ...အရင်းနှီးဆုံးဖြစ်သည့် ဂျီယောင်းကိုသာ တိုင်ပင်ဖြစ်သည်။
" ဂျီယောင်း ဟွန်းနီး ပုံစံက တမျိုးပဲနော် ငါ ရိပ်မိသွားတာ သိလို့ များ ဖုံးဖိနေတာလား"
" မသိဘူးလေ...ဆရာရယ် ဆရာနဲ့ပဲ အနီးကပ်ဆုံး ရှိနေတာ ဆရာက ပိုသိမှာပေါ့ ဒါပေမဲ့ တခု ရှိတာကလေ ဟို တနေ့က ဆရာကျွန်တော့် ကို အိမ်မှာ ဖိုင် သွားယူခိုင်းတုန်းကလေ ဆယ်ဟွန်းက ကျွန်တော့်ကို မမှတ်မိဘူး သိလား တကယ်ဆို သူနဲ့ ကျွန်တော် ခဏခဏတွေ့ဖူးတာပဲကို"
လူက သာ အလုပ်ထဲရောက်နေပေမဲ့ စိတ်က မပါတော့တာမို့ အိမ်ပြန်ရန်သာပြင်လိုက်သည်။
" ဟွန်းနီးရော Arjuma"
အိမ်ပြန်ရောက်တော့ ဟွန်းနီးကိုမတွေ့တာမို့Arjumaကိုမေးတော့လဲ အဖြေကရေရာရာမရှိ...
အိပ်ယာ ထဲအသာလှဲနေရင်းက ဟွန်းနီးရဲ့ ပြောင်းလဲ ပုံ အချို့ကိုသာ တွေးနေရင်း အိပ်ပျော်သွားခဲ့သည်။
နိုးလာတော့ဟွန်းနီးက ပြန်ရောက်နေလေပြီ...
ညစာ စားပြီးသည့်နောက် သူ စာကြည့်ခန်းထဲ သွားတော့လဲ အရင်ကလိုcoffeeလာမပို့ပေးခဲ့ပေ...
စာဖတ်နေရင်း က တခုခုကိုတွေးမိသွားသည်မို့ ဟွန်းနီးရှိရာ အခန်းထဲ အလျှင်အမြန်ပင်သွားလိုက်သည်။
ကုတင်ပေါ် ဖုန်းသုံးနေဆဲဖြစ်သည့်ဟွန်းနီးကို ဆွဲဖက်ပြစ်လိုက်ရင်း...
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fiksi Penggemarလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me