ပန်း အိုး သေးသေးလေးထဲမှသစ်ခွပင်တို့ကို အိုးအလတ် အိုးအကြီးခွဲလိုက်ရင်းသေသပ်လှပစွာထည့်လိုက်လေသည်။
ကျောင်းကပြန်လာထဲက ခြံထဲရှိသစ်ခွရုံအငယ်စားလေးထဲဆယ်ဟွန်းအလုပ်ရှုပ်နေတာ ညနေပင်စောင်းတော့မည်။
ခုတလော စိတ်ချမ်းသာနေလို့ပဲလား မသိ ဘာနေရာကြည့်ကြည့်မျက်လုံးထဲလှနေတာ အခက်သားလား...
ခုလဲ မျက်စိရှေ့က သစ်ခွ ပန်းထည့်ထားသည့်plasticခြင်းပိစိလေးထဲ အပင်အားဆေးလေးတွေ ထည့်နေရင်းကို အရူးလို ခဏခဏပြုံးနေမိတာ အတောမသတ်နိုင် ။
" ကိုယ်လာတာတောင် မသိရအောင် ဒီပန်းတွေက ဘာတွေ များဆွဲဆောင်နေလို့လဲ"
နောက်ပါးဆီမှဦး အသံကို ကြားလိုရတာမို့ ဆယ်ဟွန်း လုပ်လက်စ တို့ကို ပစ်ချ ရင်း ဦး ဘက်လှည့်လိုက်လေသည်။
"ဦး...အစောကြီး ပြန်လာတာ "
"ဟုတ်တယ် ခင်များလေးကိုလွမ်းလို့"
ပိုရန်ကော ဆိုတဲ့ အကြည့်နဲ့ ဦးကို ပေစောင်းစောင်းကြည့်ပေးလိုက်မိပါ၏။
"ဟက်...တကယ်ပြော တာ မနက် ကmorning kissမယူသွားရလို့ထင်တယ်"
ပြီတီတီနှင့် စနေသည့် ဦးကို ဆယ်ဟွန်းမျက်စောင်းပိတ်ထိုးလိုက်တော့ တဟားဟား အော်ရယ်နေပြန်သည်။
"ရေမြန်မြန်သွားချိုး ဦးတို့ ပီဇာလုပ်စား ရအောင် လိုအပ်တာတွေသွားဝယ်ကြမယ် "
"ဦး ကလဲ ဝယ်စားရင်လွယ်နေပြီကို"
"ငပျင်းမလုပ်နဲ့ သွားဆိုသွား"
မျက်နှာတည်ကြီးနှင့်ဟောက်နေတဲ့ဦးကို လျှာထုတ်ပြောင်ပြလိုက်ရင်း အိမ်ပေါ်ထပ်အမြန်ပြေးတက်လေသည်။
****
ရှပ် လက်ရှည် အဖြူ ကို လက်ခေါက်ဝတ်ထားကာ ရင်ဘတ်က ကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားတဲ့ဦး ပုံစံက မနာလိုစရာကောင်းလောက်အောင် ကြည့်ကောင်းနေလွန်းတာကြောင့်နှာခေါင်းရှုံ့လိုက်မိပါ၏။
ကော်မာပုံ ဆံပင်ပုံစံအသစ်ကြောင့် ဦး ပုံစံက လုံး ဝကိုperfectဖြစ်နေသလိုပါ..
No one is perfectဆိုတဲ့စကားကို ဆယ်ဟွန်း သိပ်လက်မခံချင်တော့ပါ..
![](https://img.wattpad.com/cover/169025374-288-k500198.jpg)
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me