DEMON KING
Season 2
အပိုင်း ( ၁ )
.
.
.
"ညီခွန်း ....... "
လှိုဏ်သံပေါက်နေသည့်အပြင် ဒေါသသံပါစွက်နေသည့် ဦးဇေယျာမင်း၏ အော်ဟစ်သံကြောင့် ညီခွန်း ၏ ခန္ဓာကိုယ်မှာ တစ်ချက်တော့ တုန်သွားသည် ။ ဘယ်လောက်ပဲကြောက်သည်ဖြစ်စေ အဆူခံရမှာသေချာနေတာပဲဖြစ်တာကြောင့် ကဝေတွေကြားထဲနောက်တန်းမှာ မတ်တပ်ရပ်လျှက်ရှိနေရာမှ ဦးဇေယျာမင်း၏ရှေ့ဆီသို့ ထွက်လာခဲ့လိုက်တော့သည်
"မှန်လှပါ သခင်ကြီး ....... "
"မင်းအမှားကို မင်းသိသလား ....တောက်....... "
ထို တက်ခတ်လိုက်သံမှာ လူသတ်ချင်နေသည့် အငွေ့အသက်တွေကို ရရှိနေသည် ။ မှားမိခဲ့တာလဲ သူဖြစ်တာကြောင့် စကားလဲ ဆက်မဆိုနိုင်ပဲ ခေါင်းငုံ့လျှက်သာ နာခံရန်တွေးနေလိုက်မိသည် ။
"မှန်လှပါ သခင် ကျွန်တော်မျိုး ရှေ့နောက်ဆင်ခြင်မှုမရှိပဲ လုပ်မိပါတယ် .... "
"မင်းလုပ်ပုံကြောင့် မဟာသွေးတို့ တစ်အုပ်လုံးပျောက်နေပြီ မဟုတ်လား တောက် "
မိမိပညာစွမ်းကိုမဟာသွေးအား ပညာစွမ်း မည်မျှထက်မြက်နေကြောင်းကို ပြချင်စိတ်နှင့် ၀ါကြွားမိလိုက်သည့် အကျိုးကျေးဇူးကို သူတော်တော်လေး ခံစားနေရတာဖြစ်သည် ။
သူမတို့အိမ်ကို ၀င်ရောက်လို့ မရနိုင်တာကြောင့် သူတို့အနေနှင့် မျက်ခြေမပျက်စောင့်ကြည့်နေခဲ့တာဖြစ်၏ ။ ထို့အပြင် သူမထွက်လာလျှင် နောက်ကွယ်မှ လိုက်ခံချောင်းမြောင်းရန်အတွက်ပါ စိတ်ချရသည့် ကဝေငယ်များကို လွှတ်ထားတာမို့ အရာရာစိတ်ချလက်ချဖြစ်နေခဲ့တာဖြစ်သည် ။
သူသိလိုက်သည့်အချိန်မှာ ငွေလ၀န်းငယ်သာမက မဟာသွေးပါ ပျောက်ဆုံးနေခဲ့ပြီဖြစ်သည် ။ ထို့အတူ စောင့်ကြည့် ခိုင်းထားခဲ့သည့် ကဝေငယ်များမှာလည်း အကြောင်းရင်းတစ်စုံတရာ မသိလိုက်ရပဲပျောက်ဆုံးသွားပြန်သည် ။ သေချာတစ်ခုကတော့ဒီတစ်ကြိမ်မှာ မဟာသွေးတို့ဘက်က လက်ဦးမှုရရှိသွားတာ ....။
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...