"အန်တီက ဒေါ်မိုးမိုးသူ ကေသီတို့ ဘေဘီတို့ရဲ့ အမေဟုတ်ပါသလားရှင့် .... "
ဝင်လာသည့် မိန်းကလေးက သမီးနှင့် သက်တူရွယ်တူလောက်လေးပဲဖြစ်တာကြောင့် သမီးသတင်းများ ကြားပြီးမေးလာ တာများလားစိတ်ကထင်ကာ အသာအယာပဲခေါင်းငြိမ့်ပြရင်း ၀င်လာဖို့ရန် ခေါ်လိုက်သည် ။
"၀င်ခဲ့လေ သမီး ..... "
"ဟုတ်ကဲ့ပါ အန်တီ ..... "
"သမီးက ဘေဘီ့ သူငယ်ချင်းလား .... "
"မဟုတ်ပါဘူးရှင့် ... "
"ဟင် ... "
သိလည်းမသိပါပဲ ဘာ့ကြောင့်များ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသလဲဆိုတာကို မသိခင်မှာပဲ လဲလျောင်းနေခဲ့သည့် ဘေဘီ့ကိုယ်နှင့် ကေသီမှာ ငုတ်တုတ်ထထိုင်လာတော့သည် ။ ထို့နောက် ထိုမိန်းကလေး၏ လက်တွေကို အားကိုးတကြီးဟန်ဖြင့် ဆွဲကိုင်လျှက် တရှုံ့ရှုံ့ငိုရင်း .....
"မမ ..... ကေသီ့ကို ထွက်လို့ရအောင် လုပ်ပေးပါ ဘေဘီ့ကိုလည်းကယ်ပေးပါ မတတ်သာတဲ့အဆုံး ကိုဖိုးတာကိုပဲ အကူအညီတောင်းခဲ့ရတာပါ ... ကျေးဇူးတင်ပါတယ် ကိုဖိုးတာရယ် "
ကိုဖိုးတာ ဆိုသည့်အသံကိုပဲကြားရလျှက် သမီးကြည့်သည့်နေရာကိုကြည့်လိုက်ပေမယ့် နံရံဗလာကိုသာလျှင် မြင်ရသည် ။ သမီးပြောနေခဲ့ပုံက ထိုနေရာမှာ တစ်စုံတစ်ဦးရှိနေဟန်နှင့်ပြောခဲ့ခြင်းသာလျှင်ဖြစ်သည် ။
"နေဦးကေသီ ဖိုးတာပြောသွားတာတွေများပေမယ့် ညီမကိုယ်တိုင်ထပ်ပြောပေးပါ "
"ကိုဖိုးတာကိုတော့ ကေသီသေသေချာချာပြောပြပေးထားပါတယ် ကေသီကိုယ်တိုင်လဲ ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး အခုကေသီထွက်လို့မရလို့ ဘေဘီတစ်ခုခုဖြစ်သွားမှာကို အစိုးရိမ်ဆုံးပါပဲ "
"ကေသီနဲ့ ဘေဘီက အမြွှာတွေနော် ဒါ့ကြောင့်အ၀င်အထွက်မှာ ခန္ဓာကိုယ်အငှားသုံးလို့လွယ်ကူတာ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ မမတို့ ဆရာတစ်ယောက် ပါလာတယ် သူ့ကို ကေသီ့မေမေကိုယ်တိုင် သွားပင့်ပြီး အကူအညီတောင်းလိုက်ရင်ရသွားမှာပါ အခုမထွက်သေးခင် မမမေးချင်တာက ကေသီတို့အိမ်ကဥစ္စာတွေ ကေသီသိသလောက် မမကိုသေချာပြောပြ "
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritueelမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...