ဖူးစာရှင်နှင့် စတင်မိတ်ဆက်ခြင်း - ၂

231 16 2
                                    

ဘယ်သူများစောင့်ကြည့်နေတာလဲ ။

ဝက်ပေါင်ခြောက်ကို ကင်ရန်အတွက် လှီးနေသည့်တောက်လျှောက် နောက်ကျောမလုံဖြစ်နေရသည် ။ မေမေကြီးဆိုရင် တော့ အသံပေးမှာပါ ၊ ဘေဘီဆိုတာလဲ မီးဖိုထဲဝင်လေ့ဝင်ထရှိသူမှ မဟုတ်တာရောက်လာမလားဆိုတာထည့်ကိုတွေးဖို့ မလိုတဲ့သူ ......။

တစ်စုံတစ်ယောက်က နောက်မှကြည့်နေသလိုဖြစ်တာမို့ လှည့်ကြည့်လိုက်ပြန်တော့လဲ ဘယ်သူမှမရှိ ။ အင်းလေ တစ်အိမ်လုံးမှ လူသုံးယောက်ပဲရှိတာ မေမေကြီးကလဲ နားနေလောက်ပြီ ဘေဘီလည်း အိပ်နေလောက်ပြီ ။ အိမ်ထဲမှာ နိုးထနေတာဆိုလို့ သူမတစ်ယောက်တည်းရှိနေတဲ့ကိစ္စ ။

အခုအချိန်မှာတော့ ဘေဘီပြောသလို အေးစက်စက်ခံစားချက်မျိုး သူမလည်းခံစားနေရသည် ။ နေ့ခင်းဖြစ်ပေမယ့် တစ်အိမ်လုံးတိတ်ဆိတ် ခြောက်ကပ်နေသည့်အပြင် တစ်စုံတစ်ရာကဘေးနားမှာရှိနေသလို ခံစားချက်မျိုး ....။

အလိုလိုနေရင်းကျောချမ်းနေတာကြောင့် ၀က်ပေါင်ခြောက်လှီးရင်း နောက်လှည့်ကြည့်မိတာ ဘယ်နှစ်ကြိမ်မြောက်မှန်း ကို မသိတော့ပြီ ။ ဟိုကြည့် သည်ကြည့်နှင့် ချက်ပြုတ်ပြင်ဆင်နေရတာကြောင့် ဟင်းချက်သည်မှာ လုပ်ငန်းမတွင်ဖြစ်လာသည် ။

စိတ်တိုတိုနှင့် တစ်ချက်တက်ခတ်လိုက်ရင်း ၀က်ပေါင်ခြောက်တုံးကြီးကို ဆက်မလှီးတော့ပဲ ပြန်လည်ထုပ်ပိုးလိုက်တော့သည် ။

ကျန်သေးသည့် ၀က်ပေါင်ခြောက်တုံးကြီးကို သေသေချာချာပြန်လည်၍ သတင်းစာနှင့် ကျွတ်ကျွတ်အိတ်နှင့် အထပ်ထပ်ထုပ်ပိုးနေသည်ကို နောက်ကွယ်မှ တိတ်တဆိတ်စောင့်ကြည့်နေသည်ကိုသာ သူမမြင်ခဲ့လျှင် ........။

ထို့နောက် ခရမ်းချဉ်သီးအနှစ်ဘူးနှင့် ကြက်သွန်နီကြော်ဘူးကိုထုတ်ယူကာ ငါးခြောက်နှင့်ရောချက်ရန်အတွက် ပြင်ဆင်လိုက်သည် ။

ငါးရံ့ခြောက်ကိုအသားတွေမြောင်းထားလျှက် ထိုအသားမြောင်းတွေကို ကျွတ်ကျွတ်အိတ်နှင့်ထုတ်ထားကာ ပြီးမှ ပလတ်စတစ်ဘူးထဲ ထပ်ထည့်ထားတာကြောင့် ပိုးတွေဘာတွေလဲ စိတ်ချရသသည် အနံ့အသက်လဲ မပျံ့တော့ပေ ။ ငါးရံ့ခြောက်အသားမြောင်းတွေကိုထုတ်ယူကာ လှီးနေခိုက် သူမ၏ပါးနားမှ လေတိုးသွားသည့်အတွက်ကြောင့် သူမဘေးကိုလှည့်ကြည့်လိုက်သည့်အခိုက် တစ်ခြားတစ်ဖက်မှနေ၍ လက်မဲကြီးက ငါးခြောက်တုံးတစ်ချို့ကို သဲ့ယူသွားတော့သည် ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now