လဝန်းငယ်

90 14 0
                                    

"နင်ငါ့ ဖိုးတာကို သတ်တဲ့ကောင် သေစမ်းဟယ် ..... "

လ၀န်းငယ်၏ ခန္ဓာကိုယ်မှထွက်လာသည့် အခိုးအငွေများမှာတစ်ခြံလုံးကို တစ်မဟုတ်ခြင်း မှောင်အတိ ဖုံးလွှမ်းစေခဲ့သည် ။ ထို့နောက် သူမဆီမှ မှောင်မိုက်လွန်းသည့် အလင်းကွန်ယက်များနှင့် တွေ့သမျှလိုက်အုပ်နေရာ ခွန်းညီ၏နောက်တွင်ပါလာသည့်နောက်လိုက် နောက်ပါတော်တော်များများမှာ ထိုကွန်ယက်များအောက်တွင် ချုပ်နှောင်ခံရလျှက် မလှုပ်မရှားသာဖြစ်ကုန်တော့သည် ။

သို့ပေမယ့် ထိုထဲတွင် ခွန်းညီတော့ဖြင့် မပါ ..။

ခွန်းညီအနေနှင့် သူမအား တန်ပြန်မတိုက်ခိုက်နိုင်ပဲ ပတ်ချာလှည့်၍ရှောင်တိမ်းနေခဲ့တာကြောင့် လွှတ်နေခဲ့တာဖြစ်သည်။

"ဟား ... ဟား ....... နင် ငါ့ကို အထင်သေးလွန်းတယ် "

"နင့်ကို အထင်ကို မကြီးခဲ့တာဟဲ့ အကောင်စုတ်ရဲ့ တစ္ဆေတစ်ကောင်နဲ့တိုက်ခိုက်ပြီး ထိခိုက်ဒဏ်ရာရတဲ့ နင့်လောက်တော့ စာကို မဖွဲ့တာ နင်သေပြီသာမှတ် ... "

အန်ထုတ်လိုက်စဉ်တုန်းကတော့ သေးငယ်သည့် အစိမ်းရောင်တောက်ပသည့် အစွမ်းထက်မြက်သော ကဝေ့စွမ်းအင်စက်ဖြစ်ပေမယ့် အပြင်ရောက်လာသည်နှင့် သူမစွမ်းအားရှိသလောက်ပို၍ ပို၍ တောက်ပလာကာ အဆမတန်ကြီးလာခဲ့တော့သည် ။

ဒီအလင်းလုံးကို သူရှောင်တိမ်းစရာနေရာလဲမရှိ ...။

ထိုအလင်းစက်လုံးတင်မကပဲ အခြားသော သူမပစ်လွှတ်လိုက်သည့် ကွန်ယက်များကိုပါ ဖျက်ဆီးနေရပေရာ ....သူ၏ ခွန်အား မလုံလောက်တော့ပေ ...။

"သူဇာ အစ်ကို့ကို ကူညီပါဦး ... "

ဘေးဘီဝဲယာကိုကြည့်တော့ သူဇာသည်လည်းလွတ်နေတာ မြင်ရသည် ။ထို့ကြောင့် သူမအား အကူညီလှမ်းတောင်းရတော့သည် ။ လ၀န်းငယ်သည် သူ့တစ်ယောက်တည်းကို မဲပြီးတိုက်ခိုက်နေသည် မဟုတ်လား ။

"လ၀န်းငယ် ... "

"သူဇာ ရပ်လိုက်စမ်း ......"

ခွန်ညီကို သဲသဲမဲမဲ တိုက်ခိုက်နေသည့် လ၀န်းငယ်အားနောက်ကျောမှ ဒုက္ခပေးရန်ပြင်ဆင်ခိုက်တွင် ဝေယံ၏ အသံကြောင့် သူဇာရုတ်တရက် ရပ်တံ့သွားခဲ့လေသည် ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now