သံယောဇဉ်ဆိုတာ . . .

98 13 0
                                    

"လ၀န်း ..... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီနေ့ကိုယ်တို့ ပြန်မှဖြစ်လိမ့်မယ် ..... "

"ဘယ်ကိုလဲ .... "

"ကိုယ်တို့ အိမ်ကိုလေ "

"သြော် ..... "

လ၀န်းငယ် ယခုထိတိုင် စိတ်နှင့် လူမကပ်သေး ...။

ခက်နေသည်က အခုလိုဖြစ်နေသည့် လ၀န်းငယ်ကို စိတ်ပူနေရသလို ...။ တဘက်မှလည်း လ၀န်းငယ် ကို အန္တရာယ်ပေးလာမည့် ဇေယျာမင်းတို့အုပ်စုကိုလဲ နှိမ်နင်းရဦးမည် ...။

ယခုအချိန်သည် အချိန်ထပ်ဆွဲရန် မသင့်တော့သည့် အချိန်အခါ ...။

"သတိ မလွတ်စေနဲ့လ၀န်းငယ် ကိုယ်ပြောတာ မမေ့နဲ့ "

"ဟုတ်ကဲ့ ... "

သူမသည်ကျောက်ဆစ်ရုပ်တစ်ခု သို့တည်းမဟုတ်လှုပ်ရှားနိုင်သည့် သက်မဲ့အရုပ်ငယ်လေးတစ်ခုနှင့်မခြား အရာအားလုံးမေ့လျှော့လျှက် စားဖို့သောက်ဖို့တောင် သတိမရဖြစ်နေခဲ့သည် ။ သူမ သိနေသည့်အသိက လက်စားခြေရန်နှင့် ဒေါသ တရား .....။

"လ၀န်းငယ် ကိုယ့်ကိုကြည့်စမ်း .... "

ပခုံးနှစ်ဖက်ကို ကိုင်ဆွဲလျှက် ကြည့်လာ၏သည့် ထိုသူကို လ၀န်းသေချာ ငေးကြည့်မိသည် ။

ဒီသူနှင့် ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားနေရသည် ။

သို့ပေမယ် ....

သူမတွင်စဉ်းစားဖို့ အချိန်မရှိ .....

ဇေယျာမင်းတို့ အုပ်စုကို ရှင်းလင်းပစ်ရန်တာဝန်သည် သူမ၏ တာဝန် ....။ ဖိုးတာကို သတ်ဖြတ်ခဲ့သူုများကို ပြန်လည်လက်စားချေရန် ကျန်ရှိနေသေးသည် ။ မည်သည့်အကြောင်းအရာကိုမျှ သူမတွေးတောလို့ မဖြစ် ...။

"လ၀န်း လ၀န်းငယ် ကိုပြောနေတာကြားလား သတိထားစမ်း ..... "

သူမ သတိရချင်ရက်သားနှင့် သတိရခွင့်မပြုတာ ....။

သူမစိတ်ကို ဒေါသကထိန်းချုပ်ထားခဲ့တာ ....။ ဒီဒေါသနှင့် အငြိုးကို မည်သို့ချိုးဖောက်၍ သတိပြန်လည်လာအောင်လုပ်ဆောင်ရမည်ကို သူမ ပင်လျှင် မတွေးတတ်တော့ ...။

"အို .... ဘာလုပ်တာလဲ လွှတ်ပါ ..... "

လက်မောင်နှစ်ဖက်ကို သန်မာသောလက်များနှင့် ဆုပ်ကိုင်ထားရုံနှင့် အားမရပဲ လူကိုပါ လှုပ်ရမ်းလျှက် ပြောလာတာကြောင့် ထိုလက်များကိုအတင်းဖယ်ရင်း

Demon King (ကဝေ့ဘုရင်)Where stories live. Discover now