"အား .................မေမေရေ ............."
"ဒုန်း..............."
ဘေဘီ့၏ အော်သံနှင့် တစ်ခုခုပြုတ်ကျလာသည့် အသံကျယ်ကြီးကိုကြားလိုက်ရပြီးနောက် မျိုးမျိုး မီးဖိုထမြှာ အစားအသောက်များကို အဆင်သင့်ပြင်ဆင်နေရာမှ အိမ်ပေါ်ထပ်ဆီသို့ ၀ရုန်းသုန်းကား ပြေးတက်လိုက်မိသည် ။ ဘေဘီ့ အသံစူးစူးဝါးဝါးနှင့် ဒီလိုအော်တာမျိုးတစ်ခါမှ မကြားဖူးတာကြောင့် တော်တော်လေး စိတ်ပူသွားခဲ့လေသည် ။ သူမအပေါ်ရောက်ချိန်မှာ မေမေကြီးသည်လည်း သူမအခန်းထဲမှ ပြေးထွက်လာခဲ့လေသည် ။
"ဘေဘီ့အော်သံကြားလိုက်လား မျိုးမျိုး "
"ကြားတယ် မေမေကြီး .... "
အိပ်နေရာမှ ဇဝေဇ၀ါနှင့် ထလာဟန်တူသည့် မေမေကြီးကိုကြည့်ရင်း သူမခေါင်းငြိမ်းပြလိုက်မိသည် ။ တစ်ပြိုင်နက်တည်းမှာ သူမသည် ဘေဘီ့၏အခန်းတံခါးကိုလဲဆွဲ၍ ဖွင့်လိုက်သည် ။
"ဘေဘီ ....... "
ဖြစ်နေပုံက မြင်ရက်စရာမရှိ ။
မေမေကြီးမှာအခန်းထဲသို့ အပြေးအလွှားဝင်သွားကာ သွေးတွေကြားထဲလဲကျနေသည် ဘေဘီ့ကိုကောက်ယူပွေ့ချီ လိုက်သည် ။
"ဘယ်လို ဖြစ်တာလဲ ဘေဘီ ဘေဘီ သမီးငယ်လေး ထစမ်း ထစမ်း ..... "
မေမေကြီးမှာ ဘာလုပ်လို့လုပ်ရမှာမှန်းမသိအောင် ပျာယာခပ်နေခဲ့ပြီး ဘေဘီ့ကို လှုပ်ယမ်းလျှက် အတင်းနှိုးနေတာကြောင့် မေမေကြီးလက်တွေကို ဆွဲချုပ်လျှက် ........
"မေမေကြီး ဆေးရုံကိုသွားရမယ်လေ ... ဘေဘီ့ကို ဆေးရုံပို့ရမှာလေ ..... "
"ဟင် ဆေးရုံ ..... ဟဲ့ ဖုန်းယူချေ ဖုန်းဖုန်း ..... အခုချက်ချင်းဆေးရုံကိုဖုန်းဆက် ...... "
"ဟုတ်ကဲ့ ...."
ဖုန်း .... ။
ဖုန်းက ဘယ်နားမှာလဲ .....။
လူတွေက အခုမှ ပြန်ရောက်တာဆိုတော့ ဖုန်းက ဆက်မရသည့်ဖုန်းဖြစ်နေခဲ့သည် ။
"မျိုးမျိုး .... ဘာလုပ်နေတာလဲ ဖုန်းမြန်မြန်ဆက်ပါဆိုနေမှ ..... "
"ဖုန်းက ဆက်မတဲ့ ဖုန်းတွေ ဖြစ်နေတာ မေမေကြီးရဲ့ "
"ဟဲ့ လိုင်းဖုန်းရှိတယ်လေ ဆက်ပါလားဟဲ့ ..... "
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...