"ခွန်းညီတို့နေထိုင်တဲ့ မီးလောင်သွားပါတယ်သခင်... "
"ဘာ ...... "
သခင့်အသံမှာ ကျယ်လောင်လွန်းတာကြောင့် နောက်တစ်လှမ်းဆုတ်လိုက်မိသည် ။
"ခွန်းညီရော ...."
ပညာဂုဏ်မောက်ကြွားတတ်သည်ကလွဲ၍ အင်မတန်အားကိုးရသော တပည့်တစ်ယောက်လည်းဖြစ်သည် ။ မည်မျှပင် မစေ့စပ်ဘူးပြောစေကာမူ မီးလောင်သည်အထိတော့ ညံ့ဖျင်းလွန်းသူတစ်ယောက်မဟုတ် ။
ထို့ကြောင့် ထိုမီးလောင်မှုတွင် အကြောင်းရင်းတစုံတရာရှိနေလိမ့်မည်ဟု သူယူဆသည် ။
"သူတို့ သတင်းလဲမကြားရပါဘူး မီးထဲပါသွားတယ်လို့ ထင်ပါတယ် သခင် ... "
ဘာမှ ဆက်မပြောနိုင်ပဲ အတန်ကြာသည်အထိ ဆွံ့အသွားမိသည် ။ ခွန်းညီဆိုတာ သူ့ဘေးတွင် အမြဲရှိနေတတ်သည့် လက်ရုံးတပည့်တစ်ယောက် ။ ဖြတ်ထိုးဥာဏ်လဲ အင်မတန်ကောင်းသည့်သူ ။ သူ့ကြောင့်သာလျှင် ပထမအဆင့်တုန်းက လ၀န်းငယ်၏ နှလုံးသွေးကို သူတို့ရရှိခဲ့ကြတာ ...။
"တောက်
ဒါ သာမန်တော့ မဖြစ်နိုင်ဘူး ...... "
"မဟာသွေးတို့နဲ့များ ပတ်သက်နေတာလား သခင် "
"မဟာသွေးတို့ နယ်မြေဆိုမှာတော့ ဒါပဲနေမှာပေါ့ ဒီကောင်တွေဘယ်လိုများ လက်ဦးသွားတာလဲ စုံစမ်းခဲ့ "
"မှန်ပါ့သခင် .... "
"ဇော်မျိုး .... "
"လ၀န်း နင်ငါ့ကို မှတ်မိပြီလား ... "
လ၀န်းမ၏ လေသံမှာအရင်လို ပြန်ဖြစ်သွားကြောင့် သူတော်တော်ကြီးပျော်ရွှင်နေမိသည်ဆိုလျှင်မှန်ပေလိမ့်မည် ။ သူနှင့် ရန်ဖြစ်နေကြ သူ့အား အနိုင်မခံအရှုံးမပေး ဂျစ်ကျတတ်သည့် လ၀န်းမကိုပဲ သူအလိုရှိသည် ။
"အင်း ...... မှတ်မိတယ် "
ခေါင်အသာအယာငြိမ့်ပြလာသည့် လ၀န်းမကိုကြည့်လျှက် အတိုင်းအဆမဲ့ ပျော်ရွှင်သွားမိခဲ့လေသည် ။ ရော် ပိုင်ဆိုင်ခွင့်မရှိသည့် ပန်းတစ်ပွင့်မှန်းသိနေရက်နဲ့ ရင်းနှီးစွာခင်မင်မှုနဲ့တင် သူပျော်နေခဲ့တာပါလား ။
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Tâm linhမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...