"ဟင် ...... ဘယ်ရောက်ကုန်တာလဲ ... "
တစ်ခြံဝင်းလုံး မီးဖွင့်ထားသည့် အပြင် တစ်အိမ်လုံးသည်လည်းအေးချမ်းတိတ်ဆိတ်နေသည် ။
တကယ်ဆိုလျှင် သူတို့ လွှတ်ထားသည့် နှစ်ရှည်မကောင်းဆိုးဝါးများမှာ ခြံဝင်းတစ်ခုလုံးတွင်လှုပ်ရှား အုံကြွနေရမည် မဟုတ်လား ။ ဒါဘာသဘောများလည်း ။ သူတို့သေချာ စီရင်ပေးလိုက်သည့် အင်းရေးဆွဲကာချုပ်နှောင်ထားသည့် အင်းစာရွက်က အသက်မ၀င်တာလဲ ....။
ဟာ ဖြစ်မှ မဖြစ်နိုင်တာ ဆရာကြီးကိုယ်တိုင် သေချာစီရင်ထားတာာ ဒီလိုပြသာမျိုး ဖြစ်စရာအကြောင်းကိုမရှိ ...။ ဒါဆို ဘာ့ကြောင့်များ လှုပ်ရှားသက်ဝင်မှုကင်းမဲ့နေရတာလဲ ...။
"ဆရာ .. ဘာများဖြစ်လို့လဲ ..... "
"ငါတို့ထည့်ပေးလိုက်တဲ့ အကောင်တွေ ဘယ်တွေကိုများရောက်ကုန်တာလဲ ... "
သေသေချာချာ အစီအရင်ကောင်းတွေနှင့်ချုပ်နှောင်ထားတာမို့ ကျွတ်လွတ်သွားစရာလဲ အကြောင်းက မရှိ ။ ထို့အပြင်ဤအိမ်တွင်နေထိုင်သူများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများလည်းမဟုတ်ပြန်လေရာ .... လွတ်လမ်းကိုမရှိဟု သူတို့ တွက်ဆထားခဲ့ပြီးသားဖြစ်သည် ။
ထိုအိမ်ကိုပြန်ရောက်သည့်နေ့သည် ထိုမိသားစုသေဆုံးရမည့်နေ့ဖြစ်သည် ။
သို့ပေမယ့် ပြန်သွားပြီးတာ ရက်အတန်ကြာပေမယ့် သေဆုံးကြောင်းသတင်းကရောက်မလာတာကြောင့် သေချာအောင်စုံစမ်းရန်အတွက် သူရောက်ရှိနေခြင်းပင်တည်း ။
"ဘာအကောင်တွေလဲဆရာ ... "
"နေဦး ပုံမှန်ဆို ဒီကောင်တွေ ခြံထဲမှာယောက်ယက်ခတ်လှုပ်ရှားနေရမှာ မဟုတ်ဘူးလား ..... "
သူတို့အတွက် စည်းခတ်ထားသည့် ခြံအတွင်း စိတ်တိုင်းကြသွားလာ လှုပ်ရှားနိုင်သည်ဖြစ်တာကြောင့် ထိုခြံအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် စိတ်တိုင်းကျ နေထိုင်ခွင့်ရမည့်အပြင် ခြံဝင်းထဲမှနေ၍ စိတ်တိုင်းကျခြောက်လှန့်ခွင့် ဖျက်ဆီးခွင့်များလဲရှိနေပြန်ရာ .... ။
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Espiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...