"ကိုကို ........... "
နှုတ်မှလဲ အော်ဟစ်လိုက်ရင်း လူကလဲ ငုတ်တုတ်ထိုင်လိုက်သည့် လ၀န်းငယ်ကြောင့်သူမသတိရလာကိုသိလိုက်သည် ။
သူမ သတိရလာတာကြောင့် စိတ်ပူစွာနှင့် တစ်ချိန်လုံးစောင့်ကြည့်နေသည့် ဇော်မျိုး အနေနှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည် ။အခြေအနေအရပ်ရပ်တို့ကြောင့် သူမနားသို့ ကပ်ခွင့်မရတာမို့ သူ ခပ်လှမ်းလှမ်းမှ သာလျှင် စောင့်ကြည့်နေခွင့်ရသည် မဟုတ်လား ။
"ကိုယ်ရှိတယ် လ၀န်းလေး "
"ကိုကိုဘာမှ မဖြစ်ဘူးနော် ....... "
"ဘာမှ မဖြစ်ပါဘူးကွာ........ အားလုံးအဆင်ပြေပါတယ်
ဘာ့ကြောင့်များ အဲ့လောက်ထိ နုံအရတာလဲ လ၀န်းရယ် "
"ကိုကို့ကို စိုးရိမ်လို့ပါ ..... "
"အဲ့တာ ကိုယ်ပွားတစ်ခုဆိုတာ မသိခဲ့ဘူးလား "
"ဟင် ....... ကိုယ်ပွား ........ ဟင့်အင်း လ၀န်းမသိခဲ့ဘူးကိုကို ....... "
သူတို့ပြောနေတာတွေမှာ အဆက်မစပ် မရှိတာကြောင့် မဟာသွေးဘက်ကိုလှမ်းကြည့်လျှက် မျက်ရိပ်ပြရင်း သူ, အသံတိတ်မေးမိသည် ။ ကဝေမယ်ဖြစ်သွားတာကိုတော့ သိပါရဲ့ ဒါပေမယ့် သူမစကားတွေကို နားမလည်တာကြောင့် သူမအနေနှင့် စိတ်ဖောက်သွားတာမျိုး တစ်ခုခုများ ဖြစ်သွားတာလားဟု စိုးရိမ်စိတ်နှင့် မေးလိုက်မိတာ ဖြစ်သည် ။
သူ့၏ အမေးကို မဟာသွေးကလဲ နားလည်ဟန်နှင့် ခေါင်းငြိမ့်ပြရင်း ရှင်းပြလာသည် ။
"စိတ်မပူပါနဲ့ ကိုဇော်မျိုး လ၀န်းငယ် အခြေအနေကောင်းပါတယ် သူအတိတ်က ကိစ္စတွေကို ပြန်ပြောနေတာပါ အခုသူ သေဆုံးစဉ်က ဖြစ်ရပ်တစ်ခုကိုပဲကောင်းကောင်းမှတ်မိတော့တယ်လေ တခြားအရာတွေကို သူ မမှတ်မိသေးဘူး သိပ်မကြာခင်မှာတော့ ဖြေးဖြေးချင်း မှတ်မိလာမှာပါ "
"သြော် ..... "
ဒါဆို သူ့ကိုလဲ မမှတ်မိသေးဘူးပေါ့ ။
"ကိုဇော်မျိုး ခဏလောက်နားနေလိုက်ပါ တစ်ညလုံးလည်း မနားရသေးဘူး မဟုတ်လား ...... သိပ်မကြာခင်အချိန်အတွင်းမှာ တဖြည်းဖြည်းနဲ့ လ၀န်း အားလုံးကိုသတိရလာတော့မှာပါ "
YOU ARE READING
Demon King (ကဝေ့ဘုရင်)
روحانياتမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...