FA များ မဖတ်ရ ....

149 12 5
                                    

       

အိမ်ငယ်လေး၏ သက်တမ်း ငါးဆယ်ကျော်မှ ဒီမီးဖိုဆောင်လေးကို ပထမဆုံး စတင်အသုံးချခွင့်ရတာဖြစ်သည် ။ 

သူမလေး၏ အမိန့်စကားအတိုင်း သူ့မှာ စားပွဲတွင်ထိုင်လျှက် သူမပြင်ဆင်ပေးနေတာကိုပဲ အသာကြည့်နေခွင့် ရတော့သည် ။ ဖြူနွဲ့နွဲ့လေးနှင့် မကြာခင်ကမှ သူမကိုယ်တိုင်ခူးဆွတ်လာသည့် အသီအနှံများနှင့် ပန်းပွင့်များကို ခြွေသည့် ပန်းတွေခြွေ အခွံခွာသည့် အသီအနှံများကို အခွံခွာလျှက် စက်အကူအညီမယူပဲ ပန်းပေါင်းဖျော်ရည်ရအောင် ပြင်ဆင်နေခြင်းဖြစ်သည် ။

ထို့အပြင်သူစားရန်အတွက် အသီအနှံများကိုလဲ ခွဲစိပ်လျှက်သေသပ်စွာပြင်ဆင်နေပြန်သည် ။

"ကိုကို ......ဘာလို့ထတာလဲ ထိုင်နေပါ လူကမှ အားသိပ်မရှိသေးပါဘူးဆို "

"အကောင်းကြီးပါကွ"

"မရဘူး ကိုကို ထိုင်နေရမှာ ..... လ၀န်းပြင်ဆင်ပေးမယ် "

"ဒီကလေးတော့ ... "

"အံမာ .... ဘာမှမပြောနဲ့ ဟုတ်ပြီလား ကိုကို .... "

"ကဲ သဘောကွာ ..... "

သူမနိုင်သူဆိုလို့ ထိုမိန်းကလေးပဲရှိမည်ထင်သည် ။

"ကိုကိုသိလား "

"ဘာလဲ လ၀န်းငယ် ...... "

"ဘာဆို ဘာမှ မသိခင်အချိန်တုန်းကလေ ကိုကြီး အသီးအနှံကိုပဲ စားသုံးတာကို ဘာ့ကြောင့်လဲဆိုတာ သေသချောချာ မသိခဲ့ဘူး "

လ၀န်း၏ စကားကြောင့် သူနည်းနည်းတော့ပြုံးသွားမိသည် ။ ထိုအချိန်က သူဘာလည်းဆိုတာကို သိသလို မသိသလိုဖြစ်နေသည့် လ၀န်းငယ်အတွက် ထူးဆန်းနေမှာတော့ အမှန်ပင် ...။ သူကလည်း ရေရေရာရာ ဘာတစ်ခုမှ မရှင်းပြခဲ့သလို သူမမေးတိုင်း အချိန်တန်လျှင်ဆိုသည့် စကားတစ်ခွန်းနှင့် နှုတ်ဆိတ်နေခဲ့တာ မဟုတ်လား ။

"အခုရော .... "

"အဟင်း  ...... သိသွားပြီ .... ကိုကိုပြောခဲ့တဲ့ အချိန်တန်သွားပြီထင်တယ်နော်"

          ဒီတစ်ချိန်မှာတော့ ငေးကြည့်နေမိသူက သူဖြစ်လျှက် ကြည်လင်တောက်ပစွာနှင့်ပြုံးရယ်နေသူက လ၀န်းငယ်ဖြစ်သည် ။ သူမပြောခဲ့သလို အချိန်တန်သွားပြီပဲလေ ....။ ပြောပြလို့သိတာထက် သူမကိုယ်တိုင်အသိနှင့် သိသွားခဲ့ခြင်း ....။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now