"ဝေယံ သခင်က ပြန်မလာသေးဘူးတဲ့ "
သခင်ပြန်မလာသေးသည့်ကိစ္စကိုပြောရင်း ဖုန်းကိုင်လျှက် စိတ်ရှုပ်စွာနှင့် ကိုယ်ကိုဧည့်ခန်းဆိုဖာထက် ပစ်ထိုင်ချလိုက်တော့ သူ့ကိုကြည့်လျှက် ဝေယံတစ်ယောက် ရယ်တော့သည် ။
ဒီကောင်ကတော့ ပေါ့ပေါ့ပါးပါးရယ်နိုင်မှာပေါ့ကိုယ်တွေကတော့ သခင့်တာဝန်တွေအားလုံးကို တာဝန်ယူထားခဲ့ရသူ ဘယ်လိုလုပ် စိတ်လက်ပေါ့ပါးနိုင်ပါ့မလဲ .။
သခင်ပြန်မလာသေးဘူးဆိုသည့်စကားကြောင့် ဘုန်းမင်းတော်တော်လေးတော့ စိတ်ညစ်သွားရတာ အမှန်ပင်ဖြစ်သည် ။
"သူဇာ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲ "
အိမ်ထဲမှာ ချုပ်နှောင်ထားသည့် သူဇာ့ကို သတိရသွားတာ တိုင်ပင်ချင်စိတ်နှင့် ဝေယံ့ကိုကြည့်လျှက် မေးတော့ အေးအေးချမ်းချမ်းဟန်ပန်နှင့် ပုခုံးတွန့်ပြလျှက် ...။
ရော် ဒီကောင် သွေးအေးလိုက်လေခြင်း ....။
"မသိဘူးဘုန်းမင်း မင်းစိတ်ပူရမှာ နောက်တစ်ခုရှိနေသေးတယ် မနေ့ကဒီမြို့နယ်ထဲက အိမ်တစ်အိမ်မှာ စုန်းကဝေတစ်ကောင်မြို့ထဲ ၀င်ရောက်သောင်းကျန်းသွားတာမို့ လူတွေတော်တော်လေး အုတ်အော်သောင်းနင်းဖြစ်သွားတယ် အမျိုးမျိုးပြောဆိုနေကြတာတွေလည်းရှိတယ် သူဇာ့ထက်မင်း စိတ်ပူရမှာက အဲ့ဒီကိစ္စ ငါတို့တော်တော်လေးရှင်းလင်းရလိမ့်ဦးမယ် "
ဒါတွေတွေးထားတယ်ဆိုတော့ တော်သေးတာပေါ့ .
"အဲ့ဒီကိစ္စငါဝေယံ သိတယ် အဲ့ဒီကောင်တွေက နယ်ကျော်လာတဲ့ကောင်တွေ ဟိုတစ်လောတုန်းက နယ်စပ်ကစည်း ကျော်လာတယ်ဆိုတဲ့ အုပ်စုထဲကပဲနေလိမ့်မယ်လို့ ငါယူဆတယ်"
"ခွန်းညီ တို့အုပ်စု.... "
ဝေယံ၏ စကားကို သူခေါင်းငြိမ့်ထောက်ခံလိုက်သည် ။
ခွန်းညီတို့ ၀င်လာသည့် ကိစ္စသည် ထိုအိမ်တွင် ၀င်ရောက်သည့်စုန်းကဝေနှင့် ပတ်သက်မှုရှိလိမ့်မည်ဟု သူလဲ ထင်သည်။
"မှန်တယ် သူပဲ ဖြစ်လိမ့်မယ် "
"အခုတစ်ခေါက်ဖြစ်တဲ့အိမ်နဲ့ သခင်တို့ရှင်းလင်းခဲ့တဲ့အိမ် တစ်အိမ်တည်းပဲ ဒါ့ကြောင့်အဲ့ဒီအိမ်မှာနေထိုင်တဲ့ မိသားစုနဲ့ ပတ်သက်ပြီး ရန်ငြိုးရန်စ တစ်ခုခုများရှိနေမလားလို့ ငါတွေးမိတယ် .."

YOU ARE READING
Demon King (ကဝေ့ဘုရင်)
Tâm linhမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...