မျိုးမျိုးတစ်ယောက် အိမ်ထဲ ၀င်ပြီးလိုအပ်တာတွေ ယူဆောင်နေပေမယ့် တစ်စုံတစ်ယောက်က သူမနောက်မှ တစ်ကောက်ကောက်လိုက်ကြည့်နေသလို ခံစားနေရာတာကြောင့် နောက်ကျောမလုံနိုင်အောင် ဖြစ်နေတော့သည်။ ဟင်းချက်ရင်းတွေ့မိသည့် အရာကို သတိရမိသွားတော့ ကြက်သီးဖုတွေ ဖျန်းခနဲ တက်လာသည် ။ မျိုးမျိုးတို့ခရီးထွက်လိုက်သည့်အချိန် အတောအတွင်း လူမရှိတုန်းအိမ်မှာတစ်ခုခုများရောက်နေတာများလား ??? ထိုအတွေးနှင့်အတူ နံရံကပ်ဗီရို၏ လျှောတံခါးကို ဆွဲဖွင့်လိုက်သည် ။
"ဟမ် .... အံချော်သွားတာလား ဘယ့်နှယ်ဆွဲမရပါလားဟ ....."
အံချော်တယ်ဆိုရအောင်ကလဲ........ ဆွဲတံခါးနှင့် နံရံကပ်ဗီရိုကို ဇဝေဇ၀ါနှင့် ပတ်ချာလှည့်ကြည့်မိသည် ..........။
ဒါက ဘယ်လိုလုပ်ချော်ရမှာလဲ .....
ကြပ်နေတယ် တစ်ခုခုခံနေတယ်ဆိုရင်တောင် လှုပ်လို့တော့ရ ရမယ့်ဥစ္စာ အခုဟာက အထဲကနေတစ်စုံတစ်ခုက ဆွဲထားသလို ကြပ်ညှပ်နေရတာက.......။
တော်ပါပြီ ဆက်မတွေးတာကောင်းပါတယ်လေ ။ အပြင်က အိတ်ထဲမှာထည့်ထားတဲ့ မေမေကြီး အ၀တ်တွေပဲ သယ်သွားတာကောင်းပါတယ် ။ ဖွင့်မရသည့် ဗီရိုကို အတင်းအကြပ်ဆက်မဖွင့်တော့ပဲ ခရီးဆောင်အိတ်နှင့် ထည့်ထားသည့် အထဲမှ အ၀တ်တွေကိုပဲ လက်ဆွဲအိတ်ငယ်လေးထဲသပ်သပ်ရပ်ရပ်စီထည့်နေသည့်အချိန် ..............
"အမလေးတော့် ............."
အလန့်တကြားနှင့် နောက်ပြန်ထိုင်လျှက်လဲကျသွားသည်က မျိုးမျိုး ဖြစ်သည် ။ ဘယ့်နှယ်တော်... အားကုန်ဆွဲဖွင့်စဉ်က ပွင့်မလာပဲနှင့် ခုမှ ရုတ်တရက် ဘယ်သူမှ မဖွင့်ရပါပဲ အလိုလိုပွင့်လာတာကြောင့် အလန့်တကြားဖြစ်ပြီး လဲကျသွားတော့သည် ။
"ဘုရား ဘုရား ....... မြတ်စွာဘုရား ကယ်တော်မူပါ ....."
ဘုရားတမိပြီး ထည့်နေသည့် အ၀တ်အစားတွေကို ဆက်မထည့်နိုင်တော့ပဲ အကုန်လုံးသိမ်းကျုံးသယ်ဆယ်ဆောင်ကာ ဧည့်ခန်းတွင်းသို့ အပြေးတစ်ပိုင်းဆင်းလာမိတော့သည် ။ ကြာကြာဆက်နေရလျှင် သူမ အသက်ထွက်လိုက်လိမ့်မည်။
![](https://img.wattpad.com/cover/171663698-288-k614235.jpg)
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...