"သခင် ကျွန်မတို့ မြန်မာနိုင်ငံကို ပြန်ရမှာလား "
"အေး ပြန်မှာ "
"အန္တရာယ်မများဘူးလား သခင် "
ကြည့်ရတာ ဒီစုန်းမ အကြောင်းအရာတော်တော်များများကို မေးမြန်းထားပြီးပုံရသည် ။ စုန်းမတွေများ အင်မတန် စပ်စုလွန်းလှသည် ။ ချက်ချင်းကို ရအောင်စုံစမ်းတော့တာ ။
"များပေမယ့် စောင့်ကြည့်ခိုင်းထားတဲ့ ဟိုကောင်တွေ အသုံးမှ မကျတာ ငါတို့မှ မသွားရင် ခြေရာဘယ်လိုခံနိုင်မှာလဲ "
"ဟုတ်ကဲ့ပါ သခင် ဘယ်လိုမျိုး ပြန်မှာလဲ .... "
"နင်က ဘာကိုမေးတာလဲ ကဝေစက်နဲ့ပဲပြန်မှာပေါ့ဟ "
"ကျွန်မက သခင်တို့လို ကောင်းမွန်စွာမပျံနိုင်လို့မေးရတာပါ သခင် ... "
မေးပုံကိုက ကိုယ်က သူ့သယ်ပေးရမယ့်အတိုင်း ။ ဒီစုန်းမတော်တော့်လွန်နေသည် ။
"ထုံးစံအတိုင်း ထမီခြုံပြီး လဒအသွင်နဲ့ပဲလိုက်ခဲ့ပေါ့ ဘာလဲ ငါက နင့်ကို သယ်ဆောင်ပေးရဦးမှာလား အားလုံးသန်းခေါင်အချိန်မှာထွက်မယ် အဆင်သင့်ပြင်ဆင်ထားကြ "
ရယ်ကျဲကျဲဟန်နှင့် ကြည့်နေသည့် အခြားစုန်းတွေကဝေတွေကို အမိန့်ပေးရင်း သူအခန်းထဲပြန်ဝင်လိုက်ပေမယ့် သူဇာမည်သော စုန်းမကတော့ နောက်မှ ကပ်လျှက်ပါလာခဲ့သည် ။
"နင်က ဘာလုပ်ဖို့လိုက်လာတာလဲ ... "
"သခင် ဘာများ ခိုင်းစရာရှိဦးမလဲလို့ "
"ဟာ ..... ဘာမှမရှိဘူး သွားစမ်း သွား ...... "
"သခင်..... သွားဆိုသွားစမ်း .... "
"ဟုတ်ကဲ့ .... "
ဘေးနားမှ ခပ်ရို့ရို့ ထွက်သွားသည့် မိဇာကိုကြည့်ရင်း ခေါင်ရမ်းမိသွားကာ အခန်းထဲ ၀င်လိုက်တော့သည် ။
"ဘာတွေဖြစ်လာတာလဲ ခေါင်းတယမ်းယမ်းနဲ့ မင့်ပုံစံက စိတ်ညစ်လက်ညစ်ရှိနေလိုက်တာ "
"မဟာသွေးတို့ အုပ်စုပျောက်သွားတဲ့ ကိစ္စပဲပေါ့ .. ဒီည ငါတို့ထွက်မယ် "
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Tâm linhမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...