လဝန်းဆိုသည်မှာ . . .

111 18 0
                                    

"ကိုကြီး "

လေသံကြားရုံဖြင့်ပင် ဒီမိန်းကလေး တောင်းဆိုစရာတစ်စုံတစ်ခုရှိနေတာ သူရိပ်မိသည် ။ သူ့မိန်းကလေးကို ဒီလောက်အထိချစ်မြတ်နိုးခဲ့ရတာပင် .......

"ပြောလေ လ၀န်း ဘာလိုချင်လို့လဲ "

လ၀န်းဆုံးဖြတ်ထားသည် ။ ဇော်မျိုး သဘောတူတူ မတူတူ လ၀န်းအကြံအစည်တွေကို အကောင်အထည်ဖော်ဖို့ ။ နို့်မို့ရင် လွှတ်ထားလိုက်လျှင် ဇေယျာမင်းတို့အုပ်စုကလဲ ပတ်ချာလှည့်ပုန်းအောင်း ပြီးလူစု ၊ နောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အင်အားပြိုင် အဓိကခေါင်ချုပ်ဆီကို မရောက်တော့ပဲ လက်အောက်ငယ်သားတွေဆီမှာပဲ ပတ်ချာလည်နေတာ ။ ဇေယျာမင်းကို ရှင်းလင်းနိုင်လျှင် ကိစ္စက ပြတ်ပြီ ။

ထို့ကြောင့် ကိုယ့်ကို ကိုယ်တည်ကြက် လုပ်၍ အပြင်ကို မျှားခေါ်ရန်ဆုံးဖြတ်ထားသည် ။

"အယ် ဘယ်လိုများသိနေတာလဲဟင် တော်ချက် "

"ပြောကြည့် "

"လ၀န်းတို့ လျှောက်လည်ကြရအောင် "

ထိုကိစ္စများကို အကောင်အထည် မဖော်ခင် ကိုကြီးနှင့် ပျော်ရွှင်စွာနေထိုင်ဖို့ လ၀န်းဆုံးဖြတ်ထားသေးသည် ။ မတော်တဆ ရုတ်တရက် တစ်ခုခု ဖြစ်သွားခဲ့လျှင်တောင် အမှတ်တရတွေ အများကြီးနှင့်ပဲ ထွက်သွားချင်သည် ။ အနည်းဆုံးတော့ အမှတ်တရတွေကို ပြန်တွေးရင်း ကြည်နူးနေနိုင်တာပဲ မဟုတ်လား ။

"ဘယ်လို .... "

တအံ့တသြနှင့်မေးလာသည့် ကိုကြီးကို ဖုံးကွယ်နိုင်ဖို့ကြိုးစားရင်း ပြုံးရယ်ပြမိသည် ။ အရင်က လ၀န်းဆိုတာ ကိုကြီးနှင့် အတူ အပြင်ထွက်လည်ခဲလှသည် မဟုတ်လား ။ နည်းနည်းတော့ အံ့အားသင့်စရာပေါ့ ။

"မြို့ထဲလျှောက်လည်ချင်တယ် "

"မြို့ထဲပဲလား "

လ၀န်းငယ် တစ်စုံတစ်ခုများ တွေးနေတာလား ???

"အင်းဝဘက်လဲ သွားချင်သေးတယ် မယ်နုအုတ်ကျောင်းကို မရောက်ဖြစ်တာ နှစ်ပေါင်းများနေပြီနော် "

သူမနှင့် သူ အတူလည်ပတ်ဖူးတာဆိုလို့ နေရာအနည်းငယ်ပဲရှိတာ မဟုတ်လား ။

"တစ်ရက်တည်းဆို ပင်ပန်းမှာပေါ့ "

"နေ့တိုင်း လည်မယ် "

မျက်ခုံးပင့်လျှက် ကြည့်လာသည့် ကိုကြီးကို ထပ်ရယ်ပြလိုက်မိပြန်သည် ။ အမှတ်တရလေးတွေ စုဆောင်းထားချင်လို့ပါ ကိုကြီးရယ် ....။ အနည်းဆုံးတော့ ရန်သူ့လက်ထဲ နှိပ်စက်ခံရရင်တောင် အမှတ်တရလေးတွေနဲ့ စိတ်ကြည်ကြည်လင်လင်နေနိုင်တာပေါ့ ။

"အထူးအဆန်းပါလား လ၀န်းငယ် "

လ၀န်း၏ အတွေ့နှင့် စိတ်ကူးတွေကို ကိုကြီး မရိပ်မိစေဖို့ စိတ်ပြောင်းသွားအောင်လုပ်ရလိမ့်မည် ။ နေဦးလ၀န်းဘာလုပ်ရမှာလဲ ... ။

ကိုကြီး၏ လက်တစ်ဖက်ကို ကိုင်ကာ အတတ်နိုင်ဆုံး မျက်နှာကိုရွှင်လန်းနေအောင် ပြင်ဆင်ထားလိုက်သည် ။

"မဆန်းပါဘူး စိတ်ပြေလက်ပျောက်ပေါ့ကိုကြီးရ နော် သွားမယ်နော် တစ်ရက်ကို မြို့ထဲလည် နောက်တစ်ရက်ဆို မြို့ပြင်လည် တစ်လှည့်စီလေ နော် ကိုကြီး "

ကိုကြီး၏ လက်တွေက လ၀န်းမေးစေ့ကို ခပ်ဖွဖွလေးမော့စေလျှက် မျက်နှာကို တစိမ့်စိမ့်ကြည့်လာတော့ လ၀န်း မနေတတ်ဖြစ်လာသည် ။ ကိုကြီးပုံစံက လ၀န်းဆီမှ ဖုံးကွယ်ထားမှု တစ်စုံတစ်ရာကို ရှာဖွေချင်ဟန် ။ ဟန်ဆောင်တာ ပေါ်သွားလျှင် ဘယ့်နှယ်လုပ်ရပါ့ ....။

"ဖိုးတာ အတွက်ကောင်းမှုလေးလဲ လုပ်ပေးချင်တယ်လေ ပြီးတော့ လ၀န်းစိတ်ကြည်လင်ချင်လို့ပါ "

ကျသွားသည့် မျက်ရည်စက်တို့ကို ကြည့်လျှက် ကိုကြီးမျက်နှာက စိတ်မကောင်းဖြစ်သွားဟန်ရှိသည် ။ လ၀န်းမျက်ရည်တွေကို အသာအယာ သုတ်ပေးရင် ....

"သွားကြတာပေါ့ အလှူအတန်းတွေလုပ်ရင်း လည်ပတ်ကြရအောင် "

ဒါကလဲ အမှန်တရားတစ်ခု....။ ထို အမှန်တရားသည် လ၀န်း၏ ဟန်ဆောင်မှုကို ဖုံးကွယ်ထားနိုင်လိုက်သည် ။ ကျေးဇူးတင်ပါတယ် ဖိုးတာလေးရယ် ။

ကြယ်ကလေးတို့ရေ . . .  :'(

Demon King (ကဝေ့ဘုရင်)Where stories live. Discover now