ပညာအဆင့်တက်ခြင်း

125 16 2
                                    


မဟာသွေးချသွားသည့် မြေပေါ်ကစည်းသုံးခုကိုတော့ မြင်နေရပေမယ့် လ၀န်းမပြောခဲ့သည့်ကဝေစက်တွေ ကြိုးတွေကိုတော့ဖြင့် သူတစ်ခုမှ မမြင်နိုင် ။ သူကောင်းစွာမြင်နိုင်သည်က အစိမ်းပုပ်ရောင် မီးခိုးများ သူတို့နှစ်ယောက်ဆီမှ အူလျှက်ထွက်လာတာကိုပဲ ကောင်းစွာမြင်နေရသည် ။

အစပိုင်းတုန်းကတော့ ထိုမီးခိုးတွေကြောင့် အတော်လေးထိတ်လန့်သွားပေမယ့် တကယ်တမ်းတွေးကြည့်တော့ လ၀န်းမဆိုတာ အရင်ကလို လူတစ်ယောက်မှ မဟုတ်တော့သည်ကို သတိရမိပြီးနောက်မှာတော့ စိတ်အေးသွားခဲ့တာ အမှန်။ ဘာလိုလိုနှင့် လ၀န်းမတောင် ကဝေမယ် စင်စစ်ဖြစ်သွားခဲ့ပြီ ။

အဖေသာသိလျှင် တော်တော်ကြီးစိတ်မကောင်းဖြစ်မှာ အမှန်ပင်ဖြစ်သည် ။ လ၀န်းကို သူ၏ သမီးအရင်းအချာနှင့် မခြားစောင့်ရှောက်မွေးမြူခဲ့သူတစ်ယောက်ဆိုတော့ သူတို့နှင့်ပြဒါတစ်လမ်း သံတစ်လမ်းဖြစ်သွားသည့်ကိစ္စ .....။ ဖေဖေ့အတွက်တော့ တော်တော်လေးပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားလေမလား မသိ ။ ဒီလောက်ကြာသည် အထိ အိမ်ကို ပြန်မလာမှတော့ ဖေဖေလဲ သိသင့်သလောက်တော့ သိနားလည်နေလောက်ပြီဟုလဲသူတွေးမိသေးသည်။

ဘာလိုလိုနှင့် လ၀န်းမ မွေးနေ့ပွဲလေးတောင် သူကောင်းစွာမကျင်းပဖြစ်ပဲရှိသွားခဲ့တာ ဒီကိစ္စတွေကြောင့် ။ လ၀န်းကို ကဝေတွေ စုန်းတွေဘေးမှ ကာကွယ်ပေးဖို့အချိန်ပေး ဒုက္ခခံလျှက် သင်ကြားခဲ့ပေမယ့် အခုတော့ လ၀န်းမကိုယ်တိုင် သူမုန်းတီး စက်ဆုပ်ခဲ့သော ကဝေမယ်တစ်ယောက်ဖြစ်နေခဲ့လေပြီ ။ နောက်တစ်ချက်က သူမုန်းတီခဲ့သော ကဝေမျိုးနွယ်ဝင်ဖြစ်သွားသည့် သူမကို ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြန်ပြီ ။ကံတရား၏ လှည့်ကွက်တွေမှာအင်မတန် ကြောက်စရာကောင်းလွန်းလှပေသည် ။

"အင်း .... ငါ့နှယ် ကြားလို့မှမကောင်း .... "

အပြင်ဆုံးစည်းတွင် သူစောင့်ကြပ်နေခဲ့တာ ဖြစ်သည် ။

ဟိုတွေး သည်တွေးနှင့် ငေးနေခိုက်မှာပဲ ဘယ်ကနေတက်လာမှန်းမသိသည့် လူတစ်ယောက် ငိုက်စိုက် ငိုက်စိုက်နှင့် သူ့နားအထိရောက်လာမှ သူ့သတိထားမိလိုက်သည် ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now