ဖိုးတာ၏ ချစ်သူ - ၂

108 17 0
                                    




       

          "ငါသူတို့ကို မခေါ်ပဲဖိုးတာတို့စုံတွဲကိုပဲခေါ်ခဲ့တာ အကြောင်းရှိတယ်ဟ "

ဆေးရုံမှာသူများခန္ဓာကိုယ်ထဲဝင်ပူးရင်း ဒုက္ခရောက်နေသည့် အမြွှာညီအစ်မကို အကူအညီပေးခဲ့ပြီးနောက် ထိုမိန်းကလေးမှာ ဖိုးတာနှင့်အတူ သူတို့နောက်မှ လိုက်ပါလာခဲ့သည် ။

အိမ်ရှင် အန်တီကြီး၏ အကူအညီတောင်းချက်ကို သူတို့လက်ခံခဲ့ပြီးဖြစ်သည် ။

အိမ်တံခါးဖွင့်ပေးရန်အတွက် မျိုးမျိုးဆိုသည့် အိမ်မှ အလုပ်သမားမိန်းကလေးကိုထည့်ပေးလိုက်သည်။ အနည်းဆုံးတော့ အိမ်နှင့်ဝေးသည့် နေရာတွင်လုံခြုံသည်ဆိုသည့် လ၀န်းစကားအရထိုသားအမိကိုတော့ဆေးရုံမှာပဲထားခဲ့လိုက်ကြသည် ။

          "ဆိုစမ်းပါဦး .... "

ခြံဝကိုပထမတစ်ခေါက်ရောက်စဉ်တုန်းကသူ့မှာတစ်ယောက်တည်းကားပေါ်ကျန်နေခဲ့ပြီးလ၀န်းမတို့သာဆင်းသွားတာ

ကြောင့် အစစအရာရာ ဂဃနဏ ရေရေရာရာ မသိလိုက်ပေ။

ထို့ကြောင့်အခု စိတ်ဝင်တစားရှင်းပြနေတုန်း စကားထောက်ပေးရင်းနားထောင်နေရတာပင် ။

"သူတို့မိသားစုကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ပိုင်ဆိုင်ထားတဲ့ မှောင်ရီသမ်းချိန်ရောက်ပြီဆိုတာနဲ့ ဒုက္ခပေးကြတော့မှာ တော်တော်ကံကောင်းတယ်ဆိုရမလားပဲ ကေသီဦးသွားတယ်လို့ပြောလို့ရတယ် နို့မို့ရင် မလွယ်ဘူး

သြော် မေ့တော့မလို့ ငါအခုပြောမှာက အဲ့ဒီကောင်တွေက နှစ်ကြီးသမားတွေ ၀ဋ်ကြွေးတွေ အစွဲအလန်းတွေကြောင့် မကျွတ်မလွတ်ပဲရှိနေတာ သူတို့ကို အောက်လမ်းဆရာတစ်ယောက်ယောက်က ချုပ်နှောင်ထားပြီး ဒီမှာလာပို့ထားတာတဲ့ ငါထင်တာကတော့ တော်တော်အဆင့်မြင့်ပုံရတယ် ကိုကြီးရှိနေတာကြောင့် ဒီနိုင်ငံထဲမှာဆိုရင်အဲ့လောက်အထိ လုပ်ခွင့်ပေးမှာမဟုတ်ဘူး 

အခုငါတို့တွေအားလုံး အိမ်ပိုင်ရှင်ရဲ့ အခွင့်အာဏာကို ငါတို့ရခဲ့ပြီ နင်ကလဲ အကူအညီတောင်းခြင်းကို ရခဲ့ပြီးပြီ ငါတို့ရဲ့နောက်အစီအစဉ်က အဲ့ဒီချုပ်နှောင်ထားတဲ့ ပစ္စည်းကို နင်ဖယ်ပေးရမှာ ငါတို့က ၀င်ရှာဖွေမယ် နင့်ကိုဘေးကနေ အကူအညီပေးမယ်ဟာ .."

Demon King (ကဝေ့ဘုရင်)Where stories live. Discover now