နောင်တ တရားဆိုတာကတော့ အချိန်ကြာလာလေလေ ၀န်ပိလာလေလေဖြစ်မည့်ခံစားမှုမျိုးဖြစ်သည် ။
သူ့လ၀န်းငယ်ကိုတော့ ဒီလိုခံစားမှုမျိုးဖြင့် ရှင်သန်ခွင့်မပြုနိုင် ...။
"သူတို့ကို သတ်ရမယ် လ၀န်းဖိုးတာကို ဒုက္ခရောက်စေခဲ့တဲ့သူတွေ ပြီးတော့ ပတ်သက်သမျှအားလုံးကို ရှင်းလင်းမယ် နင်တို့သေနေ့စေ့ပြီ ......... ဟင်း ...ဟင်း......."
ရယ်လိုက်သည့်အသံမှာပင် သွေးအေးမှု ရက်စက်မှုများနှင့်ဖုံးလွှမ်းနေခဲ့တာ ....။
ဒီကိစ္စရပ်တွေအားလုံးနဲ့ ဝေးရာမှာ ခဏလောက်ဖြစ်ဖြစ် အနားယူလိုက်ပါ လ၀န်းငယ် ....
ကိုယ့်လ၀န်းငယ်အတွက် အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အနားယူတာပါပဲ .....။
မတ်တပ်ပြန်ရပ်လျှက် သူမခေါင်းအထက်တွင် သူ့လက်အစုံကိုထားလျှက်သူမ အိပ်စက်နိုင်စေဖို့ သူအိမ်မွေ့ချလိုက်သည်။ အိပ်စက်နေခြင်းသာလျှင် သူမမေ့ထားနိုင်မည့် အကောင်းဆုံးနည်းဟု သူတွေးမိထားသည် ။
"ဖယ် ....... "
ပုတ်ထုတ်လိုက်သည့် သူမ၏လက် .........။
"လ၀န်း "
လ၀န်းကို သူအံ့သြစွာနှင့် ငုံ့ကြည့်မိသည် ။ သူဘာလုပ်မည်ကို သူမက သိနေခဲ့တာလား ။
"ကျွန်မကို မထိပါနဲ့ ..... "
"ဘာ့ကြောင့်လဲ လ၀န်း ...ကိုယ်က လ၀န်းနဲ့ အရင်းနှီးဆုံးသောလူတစ်ယောက်လေ ..."
"ကျွန်မ ကို ရှင်ဘာလုပ်တော့မယ်ဆိုတာ သိတယ် .... "
"လ၀န်း နားသင့်တယ် "
"ရှင်ဖယ်ပါ ကျွန်မ လုပ်စရာတွေ အများကြီးရှိသေးတယ် ..... "
ကျွတ် ......။
"ဟူး ...... လ၀န်း ကိုယ့်စကားကို နားထောင်ပါ "
"မလိုဘူး ရှင်ဖယ် "
တွန်းလိုက်သည့် သူမလက်အစုံကိုဆွဲကာ ရင်ခွင်တွင်းဆွဲယူလျှက် သူမကို ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် လက်တစ်ဖက်က သူမဦးခေါင်းနောက်ကိုတွင်ထားလျှက် စုန်းကဝေစွမ်းသတ္တိတို့နှင့်အိပ်စက်စေလိုက်သည် ။
![](https://img.wattpad.com/cover/171663698-288-k614235.jpg)
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritualeမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...