နောက်ကွယ်မှ .............

127 14 2
                                    

လ၀န်း ဘာလုပ်လို့ ဘာကိုင်ရမှာမှန်းကို မသိနိုင်တော့ပြီရော ...။

ဖျားသည့်လူနာတစ်ယောက်ကို ဆေးကုရတာ လွယ်ပေမယ့် ကိုကြီးလို လူတစ်ယောက်အတွက်ကတော့ ခက်ခဲလွန်းနေသည် ။ ဒီအိမ်မှာ ဆေးဝါးဆိုတာလည်း မထားရှိ ...။ စကားပြောနေရင်းနှင့် နှစ်ခြိုက်စွာအိပ်မောကျသွား ခဲ့တာကြောင့် စိတ်အေးလက်အေးနှင့် အိမ်ထဲမှာ နည်းနည်းပါးပါးရှင်းလင်းနေသည့်အချိန်မှာပဲ ကိုကို့၏ အော်သံ ကျယ်ကျယ်ကို ကြားလိုက်ရတာဖြစ်သည် ။ ထို့ကြောင့် သူမ အပြေးတပိုင်းပြန်ဝင်လာခဲ့တာပင် ။ သို့ပေမယ့် မျက်လုံးအစုံက ပွင့်မလာပဲ အိပ်ရာထက် ညီးညူရင်း လ၀န်းနာမည်ကို ရေရွတ်လျှက်ရှိနေခဲ့လေသည် ။

ပင်ပန်းလိုက်တာ ကိုကြီးရယ် ....။ အိပ်မက်ထဲအထိတောင် စိတ်မချရသလား ။

အိပ်မက်ဆိုးမှ နိုးပါစေတော့ဆိုသည့် စိတ်ကူးနှင့် လှုပ်နိုးလိုက်ပေမယ့် ထိုလက်တွေကို တင်းကျပ်စွာဆုပ်ကိုင်ရင်း တစ်ဖန်ပြန်၍ အိပ်ပျော်သွားလေရာ .......။

လ၀န်း ကိုကို့ဘေးမှာရှိပါတယ် တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်ပါ ကိုကိုရယ် ....။

"လ၀န်းငယ် .................. "

သူနိုးလာတော့ ပထမဆုံးသတိပြုမိသည်က သူ့လက်ထဲက နူးညံ့နွေးထွေးသောလက်ကလေးတစ်ခု ....။

လ၀န်းငယ်လက်ကို ဆွဲကိုင်ပြီး သူအိပ်ပျော်သွားခဲ့တာပဲ .....။

"ကိုကို .... ဘယ်လိုနေသေးလဲ သက်သာရဲ့လားဟင် .... "

အချိန်တော်တော်ကြာသွားသည့်အချိန်ထိ သူအိပ်ပျော်သွားခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် စိတ်တွေအတန်ငယ် ကြည်လင်လျှက် အနည်းငယ်အားအင်တို့ ပြန်ပြည့်လာတာကြောင့်ပင် ...။

" ..............."

"မနက်ဖြန်ဆို လပြည့်ည အားလုံးအဆင်ပြေသွားမှာပါ ကိုကို ...... "

သူချစ်မြတ်နိုးသော မိန်းကလေးက သူ့ကို ပြန်နှစ်သိမ့်တာလား ။

ရော် အခုစိုးရိမ်စိတ်ပူရမည့်သူက သူလား ဒါမှ မဟုတ် လ၀န်းငယ်လား ...။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now