လဝန်းဆိုသည်မှာ --- ၂

103 14 0
                                    

.

"ကိုကြီး ..... "

"ဟင် ..... "

"လ၀န်းကို ဘာလို့ တစ်ယောက်တည်းအပြင်မလွှတ်ရတာလဲဟင် ...... "

ကျန်ရစ်ခဲ့သော ပတ်ဝန်းကျင်ကို ငဲ့စောင်းလျှက်ကြည့်နေသည့်ကိုကြီးကို ခေါ်လိုက်ပြီး ကားမောင်းနေသည့် ကိုဝေယံ့အား မျက်စပစ်ပြလိုက်သည် ။ သူမမေးခွန်းဆုံးတော့ ကိုကြီးမျက်နှာသည်အနည်းငယ်ပြုံးသွားခဲ့လေသည် ။ တကယ်ဆို လ၀န်းပြောသည့်အထဲမှာ ပြုံးရယ်စရာ စကားမှ မပါတာ ။

ဘယ်သွားသွား ကိုကြီးနှင့် သွားသည်ဖြစ်စေ ဇော်မျိုးနှင့်သွားသည်ဖြစ်စေ ကိုဘုန်းမင်း သို့မဟုတ် ကိုဝေယံ နောက်မှ အသစ်ထပ်ရောက်လာသည့် ကိုသူရနှင့် မမနန်း တစ်ယောက်မဟုတ် တစ်ယောက်အမြဲလိုလိုပါနေတာကြောင့် လ၀န်းစိတ်ကျဉ်းကျပ်လာတာအမှန် ။ အရင်ကလို နှစ်ယောက်တည်း အေးအေးဆေးဆေးသွားလာရတာကို ပိုသဘောကျသည်။

"ဘာလို့ ပြုံးရတာလဲဟင် "

စိတ်ထဲမှာ ကြာကြာသိမ်းမထားတတ်သည့် လ၀န်းငယ်၏မေးခွန်းကို မဖြေခင် သူမ၏ခေါင်းမှ ဆံပင်တွေကို ဖွပစ်လိုက်မိသည် ။ ချက်ချင်းပြန်ဖြေရန်အတွက် သူ့မှာပြင်ဆင်ထားသည့် စကားလုံးမရှိသေးပေ ။ အမှန်အတိုင်းပြောပြလျှင်ရော သူမက နှစ်သက်မှာတဲ့လား ....။

လ၀န်းငယ်၏ စိတ်ကို သူကောင်းကောင်းသိသည် ။ သူမသည် အချုပ်အနှောင်တို့မှ ကင်းလွတ်စွာနေချင်သည့် မိန်းကလေးတစ်ယောက် ။ အမှန်ကိုသိလျှင် သူမပြောမိစကားလုံးတွေကို သူကြိုတင်သိနေခဲ့သည်ဆိုလျှင် ...။

"စိတ်ချရအောင်လို့ပေါ့ လ၀န်းငယ်ရယ် "

"ဘာကိုလဲ ကိုကြီး "

နားမလည်ဟန်နှင့် မေးလာသည့် လ၀န်းငယ်၏ ခေါင်းပေါ်မှလက်ကို ခုထိတိုင်မရုတ်သိမ်းသေးပဲ သူမဆံပင်တွေဘက်ကို အာရုံလှည့်ထားလိုက်သည် ။ အကုန်အစင်ပြောပြရမှာလား .......

"ကိုကြီး ဆံပင်တွေကို အာရုံရောက်မနေနဲ့လေ လ၀န်းမေးတာဖြေလေ .... "

"လ၀န်းငယ် .... အခုအရေးကြီးတဲ့အချိန်အခါလေ ကိုယ်တို့နည်းနည်းလေးတောင် သတိလစ်လို့မှ မဖြစ်တာ "

Demon King (ကဝေ့ဘုရင်)Where stories live. Discover now