ယုံကြည်ခြင်း ၊ မယုံကြည်ခြင်း

100 12 1
                                    

"ဝေယံ မင်းရော ဘယ်လိုထင်သလဲ .... "

ဘုန်းမင်း၏ အမေးကို မဖြေသေးပဲ အတန်ကြာသည်အထိ ပြောသင့် မပြောသင့်ချိန်ဆနေမိသည် ။ ကိုယ့်စကားတစ်ခွန်းကြောင့် သူတစ်ပါးထိခိုက်သွားမှာမျိုးကို သူမလိုလား အထူးသဖြင့် သူဇာပေါ့ ။

ပြီးတော့ စုန်းကဝေတစ်ယောက်မှန်ပေမယ့် သူဟာ အရှင့်လက်အောက်ကလူတစ်ယောက်ဖြစ်သည့် အလျှောက်ကိုယ့်ကြောင့် သူတစ်ပါးနစ်နာမည့်ကိစ္စရပ်မျိုးကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြသည် ။

"ငါ့အထင်ကတော့ သူဇာ လ၀န်းငယ်ကြောင့် အူနုကျွဲခတ်သလို ဒေါသအမျက်နဲ့ တစ်ခုခု လုပ်ဖို့ စီစဉ်နေတယ် ထင်တာပဲ "

သို့ပေမယ် ကိုယ်မြင်တာပြောရမည်ဆိုလျှင့်ဖြင့် အရှင့်ကို နှစ်သက်စွဲလန်းနေသည့် စိတ် ပြီးတော့ အရှင်နှင့် လ၀န်းငယ်၏ အခြေအနေ ...။ အစရှိသောကြောင်းခြင်းရာတို့ကြောင့် အရှင့်ကိုတော့ ထား လ၀န်းငယ်ကို ထိခိုက်အောင်လုပ်ဆောင်တာမျိုး ကြံစည်တာမျိုး သူမ မလုပ်ဟုတော့ မဆိုနိုင် ။

"ငါလည်းပဲ ထင်တယ် တစ်ခုရှိတာက ငါတို့သံသယကြောင့် တစ်ခုခုမှားသွားရင် သူဇာ့အပေါ် ထိခိုက်သွားမှာတော့စိုးရိမ်မိတယ် "

ဘုန်းမင်း၏ စကားသည်လည်း မမှား ။ သူနှင့် သူဇာ တစ်ချိန်လုံး ရန်ဘက်တွေ ဖြစ်နေသော်လည်း အခက်အခဲတွေကို ကျော်လွှားကာ ပညာအတူသင်ယူခဲ့ကြသည့်အပြင် နေရာတစ်ခုကို အတူကြိုးးစားရင်းရခဲ့ကြသူတွေဖြစ်သည်။ ထိုမျှသာမက အတူနေထိုင်ခဲ့သည့် နှစ်ကာလက ငါးဆယ်ကျော်နေခဲ့ပြီမို့ သွေးသားရင်းချာနှင့် မခြားတော့ပြီလေ ။ ကိုယ့်စကားကြောင့် ကိုယ့်သံသယစိတ်ကြောင့် သူဇာ့ကိုတော့ ဒုက္ခမရောက်စေချင် ။

"သူဇာ့ကိုတော့ စောင့်ကြည့်ကြတာပေါ့ အခုအချိန်မှာတော့သူ့ကို အကျယ်ချုပ်ထားတာ အကောင်းဆုံးဖြစ်လိမ့်မယ် အခုအချိန်မှာ သူ့ထက်အရေးကြီးနေတာက နယ်စပ်က အခြေအနေတွေပဲ နယ်စပ်ဘက်က လူတွေဘာပြောသေးလဲ ... "

လ၀န်းငယ်ကို လုချင်နေသည့် ဇေယျာမင်းတို့ အုပ်စုကိုစောင့်ကြည့်ရေးသည် အရေးအကြီးဆုံးဖြစ်နေသည် ။အခြေအနေတွေအရ အရှင့်အင်အားနည်းပါးနေသည့်အချိန် သူတို့ရုတ်တရက်ဖောက်ဝင်လာလျှင် အခက်ကြုံရမည်ဖြစ်သည် ။ ထို့ကြောင့်ပင်လျှင် အရှင့်အခြေအနေအား သူဇာ့ကိုပင်လျှင် လျှို့ဝှက်ထားခဲ့တာ ...။ လူအသိနည်းလေ ကောင်းလေ မဟုတ်လား ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now