Season 2 ၏ အဆုံးသတ်

215 19 6
                                    

"ဟား ..... ဟား .... "

ဇေယျာမင်း၏ အော်ရယ်သံကြီးက အမြင်ကတ်စရာကောင်းလွန်းလှသည် ။လ၀န်းကို ဖမ်းမိပြီဆိုကာ သူကဘာသာ သူတော့တော်တော်လေး ၀မ်းသာဂုဏ်ယူနေသည့်ဟန်က အထင်းသား ။ တကယ်ဆို ကိုယ်ဘာသာ အစီအစဉ်ချ အဖမ်းခံလို့သာ သူဖမ်းမိတာကြီးကိုများ ...။ ကိုကြီးစကားနားထောင်ပြီးလိမ်လိမ် မာမာနေမည်ဆိုလျှင် သူလ၀န်း ဆံပင်အဖျားလေးတောင် ထိနိုင်မည်မဟုတ်သည့် သူကများ လေကျယ်နေလိုက်တာ ...။

သူတို့ အချုပ်အနှောင်ထဲမှာမို့ လူက လှုပ်ရှားလို့မရပေမယ့် နှုတ်ခမ်းတွေကတော့ ကောင်းကောင်းလှုပ်ရှားလို့ ရသေးသည် ။ ထို့ကြောင့် သူ့ဘာသာဂုဏ်ယူလွန်းနေသည့် ဇေယျာမင်းဆိုသည့် လူကို အနည်းအကျဉ်းတော့ မခံချိ မခံသာဖြစ်အောင်လုပ်ဖို့ စိတ်ကူးလိုက်မိတော့သည် ။

"ဟဲ့ နင်အဲ့လောက်ရယ်မနေနဲ့ ငါတော်လို့နင်ငါ့ကို ဖမ်းဆီးလို့ရတာ "

ကိုယ့် အဓိပ္ပါယ်နှင့်ကိုယ် ပြောလိုက်တာမို့ ဇေယျာမင်းနားလည်ဟန်ရှိမနေချေ ။ ပြီးတော့ လ၀န်းကိုဖမ်းမိသည့် အပျော်တို့ကြောင့် ဇေယျာမင်းသည် ရှည်ရှည်ဝေးဝေးလဲ တွေးတောဆင်ခြင်နိုင်မှုမရှိပဲဖြစ်နေပြန်လေရာ ...။

"အံမာ ဒီကဝေမ လူကဖြင့် ငါတို့လက်ထဲရောက်နေပြီ အပြောက မလျှော့သေးဘူး "

"နင် သေမှာဇေယျာမင်း "

ဖြစ်တာပေါ့ သိပ်မကြာခင် သူတို့လ၀န်းထောင်ခြောက်မှာမိတော့မှာ ....။ လ၀န်းသူတို့အစီအစဉ်ကိုပြောင်းပြန် လုပ်ပစ်မှာလေ။ သူတို့အစီအစဉ်တွေ ဘယ်လိုဖျက်ဆီးမယ်ဆိုတာကို ဒီကဝေကောင်သိဟန်တော့မရှိ ။

"ဟား ...ဟား .......... ငါးစာရပြီဆိုတော့ အဆင်ပြေပြီဟေ့ ..... "

".........."

သူဆိုလိုချင်သည့် သဘောကို လ၀န်းကောင်းကောင်းနားလည်သည် ။ သူပြောချင်တာ လ၀န်းကို ငါးစာပြု၍ ကိုကြီးအားထောင်ဖမ်းချင်သည့် သဘော ...။မသိခက်မယ်ဇေယျာမင်းရယ် နင့်ဥာဏ်လောက်တော့ ငါသနားတယ် ။

"စိတ်မပူနဲ့ ငါတို့အတွက် အစွမ်းပိုတိုးအောင် နင့်နှလုံးသားကသွေးကိုပါဖောက်ပြီးဆေးဖော်မှာ .. နင်အေးအေးဆေးဆေးနေ မဟုတ်ရင် နင့်လူ မဟာသွေးကို နောက်ဆုံးအကြိမ်မြင်ခွင့်မရအောင် နင့်ကို အရင်ဦးဆုံး ငါသတ်ပစ်လိုက်မှာ ငါ့စိတ်ကို လာမဆွနဲ့ နင့်အပေါ်အကျေနပ်ကြီးကျေနပ်နေခဲ့တာတော့ မဟုတ်ဘူး ငါ့တပည့် ငါ့လက်ရုံးကို နင်သတ်ခဲ့တာ နင့်ကိုလဲ ငါ့တပည့်ကို သတ်သလို သတ်မှာ စိတ်ပူမနေနဲ့

Demon King (ကဝေ့ဘုရင်)Where stories live. Discover now