"အား ........ မေမေရေ ကယ်ပါဦး မေမေရေ ....... "
ညနက်သန်းခေါင်ယံအချိန်တွင် ဘေဘီ့၏ အလန့်တကြားအော်သံကျယ်ကြီးက တစ်အိမ်လုံးသို့ ပျံ့နှံသွားခဲ့သည် ။ သူမ အသံကြောင့် မိခင်ဖြစ်သူရော မျိုးမျိုးပါ နိုးသွားခဲ့ပေမယ့် အိပ်ရာထက်မှ ထ၍ မရခဲ့ .....။
ဘုရားရေ .....။
ငါ့ကို ဘယ်သူချုပ်နှောင်ထားတာလဲ .....။
မျိုးမျိုးတစ်ယောက် အိပ်ရာထက်တွင် ဘုရားတနေမိသည် ။ တစ်စုံတစ်ယောက်က ရင်ဘတ်မှ ဖိထားသလို လူက နည်းနည်းမှ လှုပ်၍ မရ ...။ ဘေဘီ့ အော်သံကတော့ ကြားနေရဆဲဖြစ်သည် ။ ထို့ကြောင့် ရုန်းကန်ဖို့ရန် ကြိုးစားသော်လည်း သူမလှုပ်ရှားမရပဲ မွန်းကျပ်မှုတွေကြောင့် ဒုက္ခရောက်နေခဲ့သည် ။
"ရှင် ဘယ်သူလဲ ထွက်သွား .... ထွက်သွား ............ အမေရေ ...... ကယ်ပါဦး ....."
စိတ်ကတော့ ရောက်နေပေမယ့် ဘေဘီ့ဆီကို သွားဖို့နေနေသာသာ ကိုယ်တိုင်တောင် အိပ်ရာထဲမှ မထနိုင်ခဲ့တာ ...။
ဒေါ်မိုးမိုးသူလည်း ထို့နည်းတူစွာပင် ။
သမီးငယ်၏ အော်သံကြောင့် စိတ်ဒုက္ခရောက်ရသည့်အပြင် ကိုယ်တိုင်မှာလဲ လှုပ်ရှားမရနိုင်တာကြောင့် စိတ်ဆင်းရဲပင်ပန်းကြီးစွာ ခံစားနေရတော့သည် ။ အော်ဟစ်နေသည့် သမီးငယ်အသံနှင့် ၀ုန်းဒိုင်းကျဲနေသည့် ခြေသံများကြောင့် အခန်းထဲပတ်ပြေးနေတာသိပေမယ့် သူမကိုယ်တိုင်က ကျောက်ရုပ်အလား ဖြစ်နေခဲ့သည် ။
ကယ်တော်မူကြပါဟု အော်ဖို့ရန်စဉ်းစားမိပေမယ့် အာစေးလျှာစေးမိနေသည့်အလား အသံတစ်ချက်သော်မှမထွက် ....။
ငါ့ သမီးလေး ကံကောင်းပါစေ ...။
အရင်တစ်ခါတုန်းကလို ကယ်ဆယ်မယ့်သူများ တွေ့ပါစေ .......။
ကေသီ ...... ဟုတ်သားပဲ ကေသီ သမီးရှိတယ်ဆိုရင် သမီးညီမလေးကို ကယ်ပေးပါ .......။
ထို အခိုက် ယောက်ျားတစ်ယောက်၏ အော်သံကျယ်ကြီးက တစ်အိမ်လုံးပျံ့နှံ့လျှက် အိမ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည် ဟုပင် တစ်အိမ်သားလုံးခံစားလိုက်ရသည် ။
![](https://img.wattpad.com/cover/171663698-288-k614235.jpg)
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Duchoweမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...