"သခင် ....... "
အရေးကြီးဆုံးကိစ္စကိုတော့ သူ့၏ လက်ရုံးတပည့်များကို သူဖွင့်ပြောထားခဲ့သည် ။ ထို့ကြောင့် အတွင်းဆောင်ထဲခေါ်၍ မကြာခဏဆိုသလို သတိအထပ်ထပ် ပေးရခြင်းဖြစ်သည်။
တစ်ချိန်တုန်းက လ၀န်းငယ်၏ နှလုံးသားမှရရှိသောသွေးစက်များကြောင့် သူတို့အားလုံးအဆင့်တက်နိုင် ခဲ့ကြသည်။ အခြားသော ပညာသည်များကိုကောင်းစွာ အနိုင်ရရှိခဲ့ကြသည် ။ တိုင်းတစ်ပါးတွင် ပညာစွမ်းဖြင့် ဂုဏ်တင့်တယ်စွာနေထိုင်နိုင်ခဲ့ကြသည်။ ထို့အပြင်တိုင်းတစ်ပါးသားတို့က ဆရာတစ်ဆူအဖြစ် အားကိုးအားထားခြင်း ကိုလဲ ခံခဲ့ကြရသည် ။ တိုင်းတစ်ပါးတွင်နေထိုင်ကျက်စားရင်း မြင့်မားသောအခြေအနေနှင့် ရန်ပြုလာသူများကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြပေသည် ။
"ဒီတစ်ကြိမ်မှာတော့ မင်းတို့အားလုံးပိပိရိရိရှိနေကြပါစေ ..... "
"စိတ်ချပါသခင် ...... "
မင်းသက်နိုင် သခင်ဇေယျာမင်း ရှေ့တွင်ဒူးတုပ်ထိုင်လျှက် ခေါင်းငုံ့လျှက် သက်ပြင်းချရင်း ကတိပေးလိုက်မိသည် ။
ဒါ ဒီတစ်ပတ်အတွင်း ဆယ့်ခုနှစ်ကြိမ်မြောက် သတိပေးခံရခြင်း .....။ သူထွက်သွားခဲ့တာ နှစ်ပေါင်းဘယ်လောက်မှ မကြာလိုက်ပေမယ့် အခုသခင့်ကိုကြည့်ရတာ အရွယ်လွန်လူသားတစ်ယောက်၏ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ဒုတိယအကြိမ် ကိစ္စ အမှားအယွင်းဖြစ်မှာ စိုးရိမ်ပူပန်လွန်းနေခဲ့သည်ဟု သူမြင်နေမိသည် ။
တကယ်ဆို ပထမတစ်ကြိမ်တုန်းကတောင် အောင်မြင်ခဲ့လို့ လ၀န်းငယ်နှလုံးသွေးကိုပင် ရခဲ့သေးသည် မဟုတ်လား ။ အခုမှ ဘာတွေတွေးပူနေရတာများလား ။ ဒုတိယတစ်ကြိမ်မှာရော ဘာစိတ်ပူစရာသိပ်များများကျန်တော့လို့လဲ ...။ သူတို့ လူအင်အား ..... ။
နောက်တစ်ချက် အဆင့်တက်ထားသည့် သူတို့အုပ်စုဆိုတာ မဟာသွေးတို့ထက် အဆပေါင်းများစွာသာလွန်နေခဲ့တာ ။
တကယ်ဆို ရုတ်တရက်ဖျက်ဆီးပစ်မယ်ဆိုလျှင်တောင် မဟာသွေးတို့ တစ်စုလုံး မှုန့်မှုန့်ညက်ညက်ကျေသွားအောင် လုပ်နိုင်သေးတာပဲလေ ။ဒီလောက်ထိ စွမ်းအားထက်နေခဲ့တာ ဘာများစိုးရိမ်စရာရှိလို့လဲ ....။
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Espiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...