ကဝေမယ်၏ အမျက်ဒေါသ

113 14 0
                                    

"လ၀န်း ဘာ့ကြောင့်အဲ့လောက်အထိ ဆိုးရတာလဲ ... "

          "ဘာကိုလဲ .... "

သူမ တကယ်ကို မသိတော့တာကို သူနားလည်သည် ။ ခက်တာက သူချစ်မြတ်နိုးခဲ့ရသော လ၀န်းငယ်၏ သန့်စင်သော နှလုံးသား ပျက်ယွင်းသွားမှာကိုပဲဖြစ်သည် ။

အခု သူမ၏ လုပ်ရပ်သည် အလွန်အန္တရာယ်များလွန်းလှသည် ။ တကယ်ဆိုလျှင် ရပ်ကွက်အတွင်း မြို့တွင်းသို့ အင်အားအတန်အသင့်ရှိသော မကောင်းဆိုးဝါး များကိုခေါ်ဆောင်လာခြင်းသည် လူအများ၏ အသက်အန္တရာယ်ကို ခေါ်လာခြင်းနှင့် ထပ်တူပင် ။ ဒါကို သူမ တွေဝေခြင်းမရှိ ခေါ်ဆောင်လာသည့်အပြင် သူအမှားကိုလဲ သူမ မသိ။

          "ဆေးရုံက မကောင်းဆိုးဝါးတွေကို ဘာ့ကြောင့်ခေါ်လာရတာလဲ ဒီကောင်တွေ ရပ်ကွက်တွေထဲဝင်လာရင် လူတွေ ကို ထိခိုက်စေမယ်ဆိုတာ မင်းမသိဘူးလား "

          "ဘာဖြစ်လဲ.... "

သူပင်လျှင် ဒေါသတို့ ဖြစ်တည်ခဲ့လေပြီ ။ မထုံတက်သေးနှင့် လ၀န်းငယ်၏ ဟန်ပန်ကြောင့် မည်သို့ဆိုဆုံးမရတော့မည် ကို မတွေးတတ်တော့ ...။

"ဘာ .... ဘာဖြစ်ရမှာလဲ ... လ၀န်းငယ်ဆိုတာ သူတစ်ပါးကို ထိခိုက်အောင်ပြုလုပ်ရမှာ အင်မတန်ကြောက်ရွံ့တဲ့ မိန်းကလေးတစ်ယောက် အခုလိုလုပ်ဆောင်မှုတွေကြောင့် သူတစ်ပါးကို ထိုခိုက်ခဲ့ရင် တစ်ချိန်မှာ စိတ်မကောင်းဖြစ် နောင်တရမှာ လ၀န်းပဲ "

          "ဖိုးတာအတွက် "

ဒါကိုတော့ဖြင့် ကောင်းစွာ သတိရနေသေးသားပဲ ....။ ဖိုးတာတစ်ကောင်ကလွဲလျှက် သူမ ကိုယ် သူမပင် မသိတော့ ။ ဒေါသတို့က အသိမရှိသည့် လူတစ်ယောက်ကဲ့သို့ဖြစ်စေခဲ့သည် ။ အရာအားလုံးကို ဒေါသက ဦးဆောင်လျှက် ရှိနေချေသည် ။

"ဖိုးတာ ဖိုးတာ ... ဒီဖိုးတာကိုပဲ စွဲလမ်းနေဦးမှာလား ဖိုးတာ ကောင်းမွန်တဲ့ ဘ၀သစ်တစ်ခုကို ကူးပြောင်းသွားခဲ့တာ အဆင့်မြင့်တဲ့နေရာတစ်ခုမှာ နေစရာရသွားတာ ဘာ့ကြောင့် ဒီလောက်ထိဖြစ်နေတာလဲ လက်စားချေမယ်ဆိုရင်လဲ မဆိုင်တဲ့သူတွေဘာ့ကြောင့်ထိခိုက်အောင်လုပ်နေတာလဲ ကိုယ်သိထားတဲ့ လ၀န်းငယ်ဆိုတာ သူတစ်ပါးကိုဘယ်တော့မှ ထိခိုက်အောင်မလုပ်ဘူး မင်းတအားမဆိုးနဲ့တော့ မင်းလက်စားချေချင်သပဆိုရင်လဲ ဇေယျာမင်းတို့အုပ်စုကိုပဲ တိုက်ခိုက် အခြား ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့ "

Demon King (ကဝေ့ဘုရင်)Where stories live. Discover now