သူမသည် ကဝေမယ်

155 15 1
                                    

မဟာသွေးသည် အရင်ကတည်းက အသီးအနှံကိုသာလျှင် စားသုံးလျှက် အသက်ရှင်သန်နေထိုင်သူ တစ်ယောက် ဖြစ်သည် ။ ထို့အတူ လ၀န်းသည်လည်း ရက်အပိုင်းအခြားလေးတစ်ခုအတွင်းမှာပဲ သတ်သတ်လွတ်သမား တစ်ယောက်မှသည် အသီးအနှံကိုသာလျှင် စားသုံးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ ။

အသီးအနှံကို စားသုံးတာကြောင့်ပဲလား သို့တည်းမဟုတ် သူ၏ မူရင်းစိတ်ကိုက တည်ငြိမ်အေးဆေးတာလားတော့မသိ။ မဟာသွေးကိုတော့ အတူနေစဉ်ကာလအတွင်း သူ့စိတ်သဘောထားကိုကောင်းစွာနားလည်လျှက် ပို၍ နှစ်လိုခြင်းဖြစ်လာသည် ။

အရင်တစ်ချိန်တုန်းကတော့ လ၀န်းမနှင့်ပတ်သက်၍ သူ့အား မနာလိုစိတ် ထို့အပြင် ကဝေတစ်ဦးဟုသိထားသည့် စိတ်တို့နှင့် မုန်းတီးခဲ့ဖူးသည် ။ ကြည့်မရဖြစ်ခဲ့ဖူးသည် ။ သို့ပေမယ့် အခုအချိန်မှာတော့လူတစ်ယောက်အကြောင်းကို အသိပဲ ကိုယ့်စိတ်နှင့်နှိုင်းလျှက် မုန်းတီးနေခဲ့ခြင်းမှာ အလကားသက်သက်ဖြစ်နေခဲ့မှန်းကောင်းစွာ သိရှိလာခဲ့ပြီဖြစ်သည်။ ထို့အပြင် နဂိုက သူ၏စိတ်ထားညံ့ခဲ့မိခြင်းအတွက်လည်း ကိုယ့်ဘာသာ ရှက်ရွံ့စိတ်အနည်းငယ်ဖြစ်နေခဲ့မိသည်။

"ကျွန်တော်တစ်ယောက်တည်းအတွက် အစားအသောက်ကို သီးသန့်မစီစဉ်ပါနဲ့တော့ "

"ဟဲ့ ထမင်းမချက်ပေးရင် နင်ငတ်သွားမှာပေါ့ "

ထုံးစံတစ်ခုလို ဖြစ်နေပြီဟု ပြောလျှင် ပို၍ မှန်ပေလိမ့်မည် ။ လ၀န်းမသည် သူ၏ စကားမဆုံးမှီပါပင် ဖြတ်၍ ဆရာမလုပ် တော့သည် ။ သို့ပေမယ့် ဒီလိုပြောလာလျှင် ပြန်ပြော၍ အနိုင်ပိုင်းရသည်ကို နှစ်သက်ခဲ့တာကြောင့် သူသည်လည်း ငြိမ်ခံမနေခဲ့ပေ ။

"မဟုတ်ဘူး စကားကိုသေချာဆုံးအောင်နားထောင်ဦးလေ ငါလည်း အသီးအနှံတွေကိုပဲ စားသောက်ပြီးနေထိုင်နိုင်တယ် အဲ့တာကြောင့်မို့ထမင်းမလိုအပ်ဘူးလို့ ပြောချင်တာ "

"ကောင်းပါပြီ ....."

"နင် ဘယ်လိုလုပ်တင်းတိမ်မှာလဲ ...... "

မဟာသွေးက ခပ်အေးအေးဟန်နှင့်လက်ခံပေမယ့် လ၀န်းမကတော့ လျှာရှည်လက်စနှင့် အထွန့်ထက်ဖို့ ကြိုးစားတော့သည် ။ ခက်တာက ဒီလိုပြောလာတာကိုပဲ သူနှစ်သက်နေခဲ့တာ ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now