တခြားဘက်မျက်နှာ ၂

89 12 0
                                    

အခန်းအပြင်ခိုးထွက်လိုက်သည်က အကြောင်းမဲ့တော့ မဟုတ် ..။ ဟိုတစ်ယောက်ပြန်သွားပေမယ့် အိမ်တစ်ခုမှာ သူမကို ထားခဲ့ပြန်ပြီ မဟုတ်လား ။ ထိုအိမ်မှာရှိနေသည့် လူနှစ်ယောက်ကလဲ သူမကို အချိန်တိုင်းလိုလို စောင့်ကြပ်နေကြသေးသည် ။

အင်မတန်စိတ်ရှုပ်ဖို့ကောင်းလွန်းတာ အမှန် ..။

သူမတွင် လုပ်ဆောင်ရမည့်တာဝန်များရှိသေးသည် ။ ဖိုးတာကို ဒုက္ခပေးသည့် ခွန်းညီတို့အုပ်စုကိုသတ်ဖြတ်ရန်အတွက်

သူမတစ်ယောက်တည်းလုပ်ဆောင်နိုင်ရန်လဲ အဆင်တော့မပြေ ။ထို့ကြောင့် စဉ်းစားလိုက်တော့ အဖြေက ချက်ခြင်း ရသွားခဲ့သည် ။ သင်္ချိုင်းကုန်တွေဆိုတာ အလကား ထားခဲ့သည့်အရာများမှ မဟုတ်တာ

ဟုတ်ပြီး သင်္ချိုင်းကုန်းကို ငါသွားရမယ် ငါခိုင်းစားဖို့အတွက် မွေးရမယ့်အကောင်တွေသွားရှာမယ်

ဒါပေမယ့် သူတို့က တစ်စက်လေးမှ အလွတ်မပေးပဲ စောင့်ကြည့်နေကြတာ

"လ၀န်း ဘာတွေတွေးနေတာလဲ .. "

"ဟိုတစ်ယောက်ရော .... "

အဖေ့ကိုမေးပုံကိုက ခေါင်းခေါက်ပြစ်ရမလား နားရွက်ကို ဆွဲလိမ်ပစ်ရမလား မသိ ။ သူမပြောလိုက်သံကို အဖေသာကြားလျှင် စိတ်မကောင်းဖြစ်သွားလိမ့်မည် ။

"အဖေလား အိပ်သွားပြီလေ .... "

"ဒါဆို ငါလဲ အိပ်ချင်ပြီ ......."

သူမ မျက်လုံးများကို ကြည့်ရုံနှင့်ပင် အိပ်ချင်စိတ်မရှိသေးတာ သူသိသည် ။

ငုတ်တုတ်ထိုင်လျှက် တစ်နေ့လုံး သူမဘေးမှ မခွာပဲစောင့်နေတာကြောင့် စိတ်ရှုပ်လျှက် အခန်းထဲ ၀င်နေချင်တာများလားဟု တွေးမိတာကြောင့် သူအသာအယာခေါင်းငြိမ့်ပြလိုက်သည် ။

"သွားလေ .... "

"အင်း နင်လဲအိပ်တော့ ...... "

"အေးအေး ခဏနေ ငါလည်းပဲ အိပ်မယ် ... "

သူ့ကိုပါ အိပ်ခိုင်းနေသည့် ဟန်ကြောင့် မသင်္ကာစိတ်နည်းနည်းဖြစ်သွားကား စည်းချထားဖို့ တွေးလိုက်မိသည် ။ ဒါပေမယ့် လ၀န်းမဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိသားစုကို ဒုက္ခပေးမည့်သူတစ်ယောက် မဟုတ်တာကို ယုံကြည်တာကြောင့် သူအတွေးတွေကို ဖယ်ထုတ်လိုက်သည် ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now