"မေမေ သမီးတို့ အိမ်ကိုမြင်ရတာ တစ်မျိုးပဲ ...... "
"ဘာဖြစ်လို့လဲ သမီးရယ် ....... "
"ဟင့်အင်း အိမ်ထဲကိုမ၀င်ချင်ဘူး အိမ်ထဲမှာ တစ်ခုခုရှိနေသလို ခံစားချက်မျိုးဖြစ်နေတယ် မေမေ "
ခြံဝင်းထဲ သော့ဖွင့်လျှက် ၀င်လာပေမယ့် အိမ်ထဲဝင်ဖို့ကို အလိုလိုနေရင်းနောက်တွန့်နေမိတာ ဖြစ်သည် ။ အိမ်ကိုမော့ကြည့်ရင်း စိတ်ခံစားချက်က အမျိုးမျိုးပြောင်းလဲနေခဲ့လေရာ ဘာဆက်လုပ်လို့ဆက်လုပ်ရမလဲဆိုတာ သူမကိုယ်တိုင်ပင်လျှင် မတွေးတတ် ။
"မနေတာကြာလို့ဖြစ်မှာပါ သမီးရယ် "
"မဟုတ်ဘူးမေမေရဲ့ အိမ်ဆိုတာ နွေးထွေးရမှာလေ အိမ်ကိုလွမ်းနေခဲ့သမျှမြင်လိုက်တာနဲ့ ပျော်နေရမှာ အရင်ကဆို အဲ့လိုခံစားနေကျ ဒါပေမယ့်အခုသမီး အဲ့လို မခံစားရဘူး မေမေ "
အိမ်ကိုကြောက်မိခြင်းဆိုတာ ဒါပထမဆုံးဖြစ်သည် ။ ဘယ်အချိန်မဆို အိမ်ကိုလှမ်းမြင်လိုက်သည်နှင့် ကိုယ့်နေရာရောက်ပြီဆိုသည့်အသိနှင့်နွေးထွေးပျော်ရွှင်သွားခဲ့တာ ပုံမှန်ပေမယ့် အခုတော့ အိမ်ကိုမြင်လိုက်သည်နှင့် ကြောက်လန့်သည့်စိတ်နှင့် နှလုံးသားထဲအထိ အေးစက်နေသည့်အပြင် မ၀င်နဲ့ဟုတားဆီးနေသည့် စိတ်တွေကြောင့် ခြေလှမ်းတွေတွန့်နေမိသည် ။
"အခု သမီးက ဘယ်လိုခံစားရလို့လဲ ....... "
"အေးစက်စက်ကြီး အိမ်ထဲမ၀င်ချင်ဘူး သမီးတို့ဟိုတယ်မှာ အရင်တည်းရအောင်မေမေရယ် "
"ရော် ဒီကလေး ကိုယ့်အိမ်နဲ့ကိုယ်ရှိနေတာ ဘာဟိုတယ်လည်း "
"သမီးမှ မနေချင်တာ ....... "
"ဟဲ့ ကလေးလဲ မဟုတ်ပဲနဲ့ ဘယ့်နှယ် ဘေဘီနော် အဲ့လိုမဆိုးနဲ့ မေမေမကြိုက်ဘူး "
"မေမေကလဲ သမီးမှ ...... "
"တော်ပြီ ဘေဘီ မျိုးမျိုးနဲ့ အတူ အထုပ်တွေဆွဲပြီး ၀င်ခဲ့ ဒါပဲမေမေပြောမယ် "
မျိုးမျိုးမှာ ဘေဘီအတွက် အဖော်ဆိုလဲဟုတ် အိမ်အတွက် ကူဖော်လောင်ဖက်လဲဖြစ်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည် ။ထို့အတူ အိမ်ကအလုပ်သမားတစ်ယောက်ပေမယ့် ဘေဘီတို့ဘယ်သွားသွားလိုက်ပါရသည့် အခွင့်ရေးကိုလဲဖေဖေတို့မေမေတို့က ပေးထားသည် ။
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Duchoweမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...