အချစ်ဟောင်းနှင့် အချစ်သစ်

121 15 0
                                    

"ဘယ်လို လုပ်ကြမလဲ ...... "

ဘုန်းမင်းစကားကို နားထောင်နေကြသည့် ဇော်မျိုး ပြီးတော့ ဝေယံ နှစ်ယောက်စလုံး စကားမပြောပဲ ငြိမ်နေခဲ့ကြသည် ။ အင်းလေ ဘယ်လိုလုပ်ရမှာလဲ ညပိုင်းစုန်းကဝေတွေ တောက်စားမြူးတူးသည့် အချိန်မှာ အထက်လမ်းဆရာ တစ်ယောက်က စောင့်ကြည့်နေရမှာလား ...။

စုန်းကဝေတွေအနေနှင့်လည်းလက်မခံချင်သောကိစ္စ ပြီးတော့ အထက်ဆရာတစ်ယောက်အနေနှင့်လည်း မလုပ်သင့်သည့်ကိစ္စ ...။

သူတို့ကိစ္စက ကိုယ်ဝင်ရှုပ်တိုင်းကောင်းတာ မှတ်လို့ ...။

"ကိုဇော်မျိုး ...."

"မင်း သံသယဖြစ်နေတုန်းပဲလား ..... "

ဇော်မျိုးကို ထပ်ခေါ်လိုက်သည့် ဘုန်းမင်း၏ အသံနှင့် မေးမြန်းလာသည့်ဝေယံ၏အသံထပ်တူကျနေခဲ့သည် ။

"မှန်တာပြောရင် ယုံကြည်ချင်ပေမယ့် မယုံဘူး "

ဒုက္ခော .....။

ဒါနဲ့ပဲ ငါက သူတို့ပျော်ပါးမြူးတူးနေတာကို ငုတ်တုတ်ထိုင်ကြည့်နေရရောလား ...။

"ဘယ်လိုပြောရပါ့မလဲကိုဇော်မျိုး ကျွန်တော်တို့မျိုးနွယ်ဟာ စုန်းကဝေတွေပါအဓိပ္ပါယ်ကတော့ခင်ဗျားလည်း သိထားတဲ့အတိုင်း ဇုဏှသဒ္ဒါကနေဆင်းသက်လာပြီး ဇုဏ်းမှရွေ့လျှောလာကာ စုန်းဟူ၍ ဖြစ်လာခြင်းပါ။ ကျွန်တော်တို့ စုန်းကဝေတွေဟာာ ပညာစက်ဖြင့် တောက်ပမြူးတူးတတ်သောသူတွေဖြစ်တယ်လို့ ဆိုလိုပါတယ် ။

စုန်းတွေဟာ ပညာစက်တွေနဲ့ တောက်ပမြူးတူးတဲ့ ကိစ္စကိုတော်ရုံ့လူကို အသိအမြင်မခံပါဘူး ခင်ဗျားလို အထက်လမ်းဆရာတစ်ယောက်ဆို ဝေလာဝေးပေါ့ အကယ်၍ မြင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့စုန်းကဝေတွေရဲ့ သိက္ခာတရား ပြီးတော့ လူတွေကြားမှာနေတဲ့အချိန် ထားရှိတဲ့လျှို့ဝှက်အပ်မှု နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အတတ်ပညာကို ထိတ်လန့်ကြောက်ရွံ့ကြမှာ ဒုက္ခပေးကြမှာတွေကြောင့် ကျွန်တော်တို့ တောက်စားတာကို ဘယ်လိုနည်းနဲ့မှ လူမြင်ခံလေ့မရှိကြပါဘူး

တောက်စားမြူးတူးချိန်ဆိုလျှင် ကျွန်တော်တို့မှာ လူ့ အသိစိတ် ၊အသိတရားတွေပျောက်ကွယ်သွားပြီး ပညာစက်များနှင့် ပျော်ပါးဖို့ တစ်ခုပဲ သိပါတော့တယ် ဒါ့ကြောင့် အသိစိတ်မဲ့သွားတဲ့ အချိန်မှာ သူဇာ တစ်ခုခု ကြံစည်သွားမှာမျိုးကို စိတ်ပူတာကြောင့် ကျွန်တော် အကူအညီတောင်းရခြင်းဖြစ်ပါတယ် "

Demon King (ကဝေ့ဘုရင်)Where stories live. Discover now