"ဖေဖေ ..... မဟာသွေး ဘာမှတော့ မဖြစ်လောက်ပါဘူးနော် "
တစ်ရက်လုံးတွေးနေမိတာက မဟာသွေးတစ်ယောက် အဆင်ပြေမှ ပြေပါလေစဆိုသည့် ကိစ္စဖြစ်သည် ။ အားနည်းနေသည့် မဟာသွေးသွင်ပြင်ကို စိတ်ကူးထဲတွင်တောင် မြင်ယောင်ကြည့်လို့မရခဲ့တာမို့ တကယ်တမ်းမြင်လိုက်ရသည့်အချိန်မှာတော့ စိုးရိမ်စိတ်တို့ ဖြစ်နေမိတာ သူဝန်ခံနိုင်သည် ။
"ငါ့သားက မဟာသွေးကို စိတ်ပူနေတာလား "
ဖေဖေသည် သူ့စကားကြောင့် သူ့နားသူမယုံဟန်နှင့် သေချာစွာစူးစိုက်ကြည့်ရင်း မေးမြန်းလာတော့ သူကအနေနှင့် ဖြေရကျပ်သွားခဲ့တော့သည် ။ တစ်ချိန်လုံးက လ၀န်းမနှင့်ပတ်သက်ပြီး သူ မဟာသွေးကိုကြည့်မရ ဖြစ်ခဲ့တာ မဟုတ်လား ။ အချိန်တိုင်းလိုလို မဟာသွေးကိုတိုက်ခိုက်ရန် ဒုက္ခပေးရန် ကြံစည်ခဲ့သူတစ်ယောက်ထံမှ ဒီလို စကားမျိုး ထွက်လာသည်ဆိုတော့ ထူးဆန်းမဆုံးဖြစ်နေမှာ အမှန်ပင် ...။
"ကျွန်တော့် ပရောဂ မကင်းဘူးလို့ခံစားရလို့ပါ "
ထိုကိစ္စသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည် ။ သူ့ပရောဂ .... သူ့ပရောဂက တစ်ခုမှ မကပဲကိုး .....။
တစ်အချက် သူတားလိုက်သည့် စည်းကြောင့် မဟာသွေးတွင်ထိခိုက်ဒဏ်ရာရသည် ။ နှစ်အချက် သူ့ကို ကယ်တင်ရန်အတွက် သူတားထားသည့် စည်းကို မဟာသွေးးချိုးဖျက်ခဲ့တာဖြစ်သည် ။ ထို့အပြင် ပုန်ကန်ထကြွလွန်းနေသည့် ထိုအကောင်များအားလုံးကို သူချုပ်နှောင်တားဆီးရန်အတွက် မဟာသွေးက ကူညီခဲ့သေးသည် မဟုတ်လား ။
"စိတ်မပူပါနဲ့ ငါ့သားရယ် သမီးလ၀န်းလဲစောင့်ရှောက်ပေးနေမှာပဲလေ "
လ၀န်းမ .....။
သူကပိုဆိုး ......။ မဟာသွေးကို လ၀န်းမကစောင့်ရှောက်မှာလား ။ လ၀န်းမကို မဟာသွေးကဂရုစိုက်၍ စောင့်ရှောက် ရမှာလားဆိုတာကိုသူ့အနေနှင့် မသဲကွဲ .....။ သေချာတာကတော့ လ၀န်းမကို မဟာသွေးက စောင့်ရှောက်ပေးနေရမှာ ဖြစ်ဖို့က ပိုများသည် ။
"လ၀န်းမက ပျာတီးပြာရာနဲ့ ဘာမှလဲလုပ်နိုင်တာမှ မဟုတ်တာ ဖေဖေရ သူစောင့်ရှောက်ပေးဖို့ နေခဲ့တယ်ဆိုပေမယ့် ကျွန်တော်တော့ စိတ်မချတာ အမှန်ပဲ "
YOU ARE READING
Demon King (ကဝေ့ဘုရင်)
Spiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...