ကေသီ နှင့် အစိမ်းတိုက်ခြင်း

131 15 2
                                    


"နေဦး ကေသီ သမီး ... တကယ်ပဲကေသီဆိုရင် အိမ်မှာ အတူတူရှိနေတာ ဘာ့ကြောင့် မေမေတို့ကို မပြောရတာလဲ "

ဘေးနားမှကြည့်နေရသည့် မျိုးမျိုးမှာလှုပ်လဲ မလှုပ်ဝံ့ ဘုရားလဲ မတ၀ံ့ပဲ ထိုသားအမိကိုသာ အထိတ်ထိတ် အလန့်လန့်နှင့် တမှိတ်မသုန်ကြည့်နေမိတော့သည် ။

"မေမေတို့ ထိတ်လန့်သွားမှာ စိုးရိမ်လို့ပါ မေမေ ..... "

မေမေကြီး လန့်မလန့်တော့မသိ ။ သေချာတာကတော့ သူမတော်တော်လေးလန့်ဖျန့်နေခဲ့ပြီဖြစ်သည် ။ ဒီနေ့ည ကေသီနဲ့ တစ်ခန်း အတူမနေ၀ံ့တာကြောင့် တစ်ခုခုလုပ်ဖို့အထိ ကြံစည်ထားပြီးဖြစ်သည် ။

"ဟဲ့ နင်သွားရင် မေမေတစ်ယောက်တည်း ဘယ်လိုလုပ်နေမှာလဲ နင်ပေါက်တတ်ကရကြံစည်မနေနဲ့ နင်လိမ်လိမ်မာမာနဲ့ မေမေ့နားမှာ ကောင်းကောင်းနေရင် ဘာမှ မဖြစ်စေရဘူး "

ဒီတစ်ယောက်က သူတစ်ပါးစိတ်အကြံတွေကိုလည်း သိနေတာများလား မသိ ။ ဟိုကြည့် သည်ကြည့်နှင့် လုပ်နေသည့် သူမမှာ ဘာဆက်လုပ်ရမှာမှန်းမသိပဲ ငုတ်တုတ်နေတော့သည် ။

"ဘေဘီ ... ယောင်လို့ ယောင်လို့ပါ ကေသီရယ် မျိုးမျိုး မေမေကြီးဘေးမှာ နေပေးမှာပါ ဒါပေမယ့်လေ အခု ကေသီ ထွက်လို့မရဘူးလားဟင် ... "

"မရဘူး ကိုယ့်ဘာသာကိုယ်ထွက်လို့မရတော့ဘူးဖြစ်နေတာ ဘာဖြစ်သွားတာလဲ မသိဘူး "

"ဟင် .... ဒါဆို ဖုတ်ဝင်တာများ.... များ.... "

မျက်လုံးပြူးသွားကာ အလန့်တကြားနှင့် ပြောလိုက်မိသည့် စကားမဆုံးခင်အချိန်မှာပဲ ကေသီ့မျက်စောင်းကို ရရှိလိုက်ကာ အော်ဟစ်ခြင်းကိုပါ ခံရတော့သည် ။

"ဟဲ့ ငါ့ကို ဘာပြောတာလဲ သေသွားချင်တာလား ကောင်မ "

"ကေသီ အခုလို အမြဲနေမယ်ဆို ဘေဘီရော ဘေဘီဘာဖြစ်သွားမှာလဲ .... "

သေသွားမှာပေါ့ဆိုသည့် စကားကို မျိုးမျိုး စိတ်ထဲမှ ပဲပြောလိုက်မိတော့သည် ။

ဒါလေးတောင် မသိဘူးလားဟု မေမေကြီးကိုပြောချင်ပေမယ့် သူကဒါတွေကို စိတ်လဲမ၀င်စားသည့်အပြင် သူများပြောလျှင်တောင်မကြိုက်သည့်လူစားဆိုတော့လဲ ပြောရခက်သားလား ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now