...

92 13 0
                                    

"အဖေ ..... "

စာအုပ်ကြီးကိုင်လျှက်ငေးနေခဲ့သည့်အဖေ့ကို ဇော်မျိုးလှမ်းခေါ်လိုက်သည် ။

အဖေထိုစာအုပ်ကိုကိုင်လျှက် မဖတ်ပဲအချိန်အတော်ကြာငေးနေသည်ကို သူစောင့်ကြည့်နေခဲ့တာကြာပြီ ..။ ထိုစာအုပ်က ဖေဖေ့မွေးနေ့အတွက် လ၀န်းမ မုန့်ဖိုးတွေစုဆောင်းလျှက် ၀ယ်ပေးခဲ့တာ ။

သူ့သမီးကို ဘာသတင်းမှ မကြားပဲ မတွေ့ရတာ သုံးလေးရက်ရှိပြီဆိုတော့ ဖေဖေလဲ သိချင်ရှာမှာပင် ။ သို့ပေမယ့် သူ့သမီး၏ ဘ၀ကိုသိနေတာမို့ မေးမထွက်ဖြစ်နေခဲ့သည်ကိုသူရိပ်မိနေသည် ။

ပြောပြရအောင် ..... သူလဲသေချာမှာ မသိသေးတာ ...။

သွားကြည့်ရရင်လဲအခက် .... ။

လ၀န်းမကြိုက်မှာ မဟုတ် ....။

အလကားနေသွားမေးမိမှ အဆဲခံရဖို့က ပိုများနေတာ ...။

သတင်းလေးများကြားနိုးနိုးနှင့် ဘုန်းမင်းတို့ ဝေယံတို့ဆီသွားတော့လဲ သူတို့ပြသာနာတွေက သူ့ကိုဆီးကြိုနေခဲ့သည် ။

ထို့ကြောင့် သူဇာ့ကိုလဲ သူဖမ်းချုပ်ခဲ့ရပြီးပြီ ...။

ယခုတော့ ထိုမျှသာမက ........

သူတို့ရှင်းလင်းခဲ့သည့်အိမ် ပြသာနာ ထပ်တက်နေခဲ့ပြန်လေပြီ ...။

သန့်စင်ခဲ့ပြီးမှ ထပ်ဖြစ်တာမို့အကြောင်းအရင်းသိရန်အတွက် သူနှင့်ဝေယံသွား၍ ထပ်မံစုံစမ်းရချေဦးတော့မည် ။

"ပြော သားငယ် ဘာလဲ .."

"သားအပြင်ခဏသွားမလို့ ဖေဖေ .... "

"အေးသွားလေ ..... "

ဒီတစ်ကြိမ်မှာတော့ ဘာကိစ္စဆိုတာ ဖေဖေ မေးမလာတော့ပေ ။

"အဖေ ထမင်းစားဖို့ သားပြင်ထားခဲ့တယ် .... "

"သင်္ဘောသီးစားထားလို့ အဖေဗိုက်မဆာသေးဘူးသားငယ် "

လ၀န်းမ .... နင့်ကိုငါခေါင်းခေါက်ပစ်ချင်လာပြီ ...။

အခုအဖေ နင့်ကြောင့်ဘယ်လောက်စိတ်ထိခိုက်ရသလဲဆိုတာ နင်မသိဘူးလား ။

တကယ်ဆို သတင်းလေးဘာလေးတော့ပေးသင့်တာပေါ့ ။

အခုတော့ ဖုန်းလေးတစ်ချက်တောင်မဆက်ရအောင် နင်က.........

Demon King (ကဝေ့ဘုရင်)Where stories live. Discover now