The End

317 28 10
                                    

မင်းသက်နိုင် တမင်သက်သက် လ၀န်းဆိုသည့် နာမည်ကြောင့်လာကြည့်တာဖြစ်သည် ။

"နာမည်ကြီးလွန်းတာကြောင့် လာကြည့်တာကဝေမ ပုံစံကဘာမှလဲ မထူးခြားပါလား "

အလှအပ တွင်လည်း ထူးခြားသည့်ပုံစံမျိုးမရှိ ၊ ပညာတွင်လည်း ထူးခြားနေသည့် သူတစ်ယောက်မဟုတ်ပါပဲ ဘာ့ကြောင့်များ ဒီလောက်အထိ အသုံးဝင်နေရသည်ဆိုတာကို သူမတွေးတတ် ၊

"ဟဲ့ ငါက ထူးခြားအောင် ဂျိုထွက်နေရမှာလား ... "

ဒီမိန်းမ နှုတ်သီးကောင်းလျှာပါး တကယ့်ကို ကဝေမျိုးနွယ်အစစ်ဖြစ်သည် ။

"ခွန်းညီလို လူတစ်ယောက်ကို တိုက်ခိုက်နိုင်တဲ့ ကဝေမယ်တစ်ယောက်ပြီးတော့ မဟာသွေးလိုလူတစ်ယောက်ရဲ့ အားနည်းချက်ဖြစ်တဲ့ ကဝေမယ်တစ်ယောက်ဆိုတော့ ထူးခြားတာများ တစ်ခုခုရှိနေသလား လို့ ငါလာကြည့်တာ "

"အောင်မာ ရာရာစစ သွားစမ်း ကဝေကောင် ငါမျက်စိနောက်တယ် "

တကယ်တော့ လ၀န်းကြောက်ကန်ကန်မိခြင်း ပင်တည်း ။ လ၀န်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်သေးပဲ အသေမခံနိုင်ပါ ။ ဒီတစ်ကြိမ်သေဆုံးခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မှ လ၀န်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ ။ ကိုကြီးရေ ......... လ၀န်းကိုခွင့်လွှတ်ပါ ။

"အဟွန်း ကြာကြာမနောက်စေရပါဘူး နင့်ကို သခင်က သတ်တော့မှာဖြစ်လို့ သိပ်စိုးရိမ်မနေပါနဲ့ "

"ဘာ .... "

လ၀န်း တွက်ကိန်းတွေက လွဲပြီးရင်းလွဲနေခဲ့ပြီရော ။ ဇေယျာမင်းတို့လက်ထဲမှာ လ၀န်း လှုပ်ရှားရန် အခွင့်မသာ ။ ဒီအတိုင်းသာဆိုလျှင် ကယ်တင်မည့်သူတွေ ရောက်မလာခင် လ၀န်းအရင်သေဆုံးမည့် သဘောမှာရှိနေသည် ။

"သြော် နင့်ကို သတ်တော့မှာလေ နင့်နှလုံးသွေးက မူရင်းမဟုတ်တော့ဘူး ဒါ့ကြောင့် နင့်ကို သတ်လိုက်တော့မှာ နင့်အစား အခြားတစ်ယောက်ယောက်ကို အစားသုံးမှာလေ "

"နင်တို့ အခုထိ မလုံလောက်သေးဘူးလား .... "

ဒါကိုလဲ ဇေယျာမင်းတို့သိနေတယ်ဆိုတော့

Demon King (ကဝေ့ဘုရင်)Where stories live. Discover now