ဘေဘီ နှင့် ကေသီ

127 12 0
                                    

"မျိုးမျိုး ဘာတွေဖြစ်လာတာလဲ ..... "

ဆေးရုံကို ပြန်ရောက်ပြီးသည်အထိ သူမကိုယ်သူမသိနေတာက မူမမှန်သေးတာ ။ လန့်ရှိန်က မပျယ်သေးတာ ။ ဒီကြားထဲ အယောင်ယောင်အမှားမှားနှင့်လျှောက်လုပ်နေမှတော့ မေမေကြီးက သိပြီပေါ့ ။

"ရှင် မေမေကြီး ဟို .... ဟိုလေ အိမ်မှာ .... "

မှန်ရာပြောရလျှင် မေမေကြီးကိုပြောပြဖို့ကလဲ မ၀ံ့မရဲ ။အလကားနေရင်းသူ့အိမ်ကိုမကောင်းပြောရပါ့မလားဆိုပြီး ကိုယ့်ကိုစိတ်ခုသွားလျှင် မခက်ပါလား ။

"နင် သူတို့နဲ့တွေ့ခဲ့တာ မဟုတ်လား"

သူမဘေဘီ့ကို မျက်လုံးပြူးလျှက် ကြည့်မိသွားလေတော့သည် ။ဒီကိစ္စတွေအားလုံးကို ဘေဘီလည်းသိနေတာလား ။ ဘေဘီ့မျက်နှာကိုမော့လျှက်ကြည့်လိုက်မိသည့်အခိုက် ဘေဘီ့မျက်လုံးတွေက အနီရောင်ဘက်ပြောင်းနေသလို သူမခံစားလိုက်ရတာကြောင့် မျက်လုံးတွေကို ပွတ်သပ်လျှက် ပြန်ကြည့်မိပြန်တော့ အကောင်း ။ ပကတိဘေဘီပြန်ဖြစ်နေသည် ။

"အင်း .... "

"ငါထင်သားပဲ .... မေမေအိမ်မှာ မကောင်းတဲ့ အတိုက်အခိုက်တွေရှိတယ် "

ဟင် ....... ။

ဘေဘီ့အသံက ဘယ်လိုကြောင့် အက်ကွဲသံပေါက်နေရတာလဲ ။

မျိုးမျိုးတစ်ဖက်လှည့်၍ မကြာသေးခင်က၀ယ်လာသည့်မုန့်တွေကို စားပွဲပေါ်နေရာချထားရာမှ လှည့်ကြည့်လိုက် မိပြန်သည် ။ မကောင်းတဲ့ အတိုက်အခိုက်ဆိုတာကရော ဘေဘီက ဘယ်လိုလုပ်သိနေရတာလဲ ။

"ဘာတွေပြောနေတာလဲသမီး "

မေမေကြီးက သမီးဖြစ်သူ၏ ကုတင်ဘေးတွင်ဝင်ထိုင်လျှက် ဆံပင်တွေကို တယုတယသပ်တင်ပေးနေရာမှ မေးခွန်းပြန်ထုတ်လာသည် ။နီးနီးကပ်ကပ်ထိုင်နေတဲ့ မေမေကြီးက ဘေဘီ့အသံပြောင်းသွားတာကို သတိမထားမိတာလား ဒါမှမဟုတ် ဂရုပဲမစိုက်တာလား ......

"ကျွတ် ... မေမေ့ကိုပြောပြလို့လဲ နားလည်မှာမဟုတ်ပါဘူး ဟဲ့ နင်တွေ့ခဲ့တာတွေ မေမေ့ကိုပြောပြလိုက်စမ်း "

"ရှင် .... "

သေချာပါသည် ဘေဘီ့အသံက အရင်ကနဲ့ မတူတော့ပဲ အက်ကွဲပြီး ခြောက်ကပ်နေသည့်လေသံကြီး ။ ဒီလောက်ကပ်နေသည့်မေမေကြီးက မသိဘူးလား ပြော့ပလိုက်ရမှာလား ။

Demon King (ကဝေ့ဘုရင်)Where stories live. Discover now