Chapter 3 (Unicode)

37.1K 2K 17
                                    

ခေတ် ရေချိုးအဝတ်အစားလဲပြီးတာနဲ့ ဒန်းလော့မွေ့ယာပေါ် ပြန်တက်ပြီး ဂိမ်းဆော့နေလိုက်သည်။ ခဏလေးအကြာ ရေချိုးခန်းတံခါး ပွင့်လာပြီး ကိုဂျွိုင်းထွက်လာသည်။ ၆ ပေ စွန်းသော အရပ်အမောင်း၊ အားကစားကို အမြဲမပြတ်လုပ်ပုံရလို့ ဗိုက်မှာ ထင်းနေသောsix pack၊ ကျစ်လစ်ခိုင်မာတဲ့ လက်မောင်းကြွက်သား၊ model တစ်ယောက်မို့ တောင့်ဖြောင့်နေသော ခန္ဓာကိုယ်၊ ရေတတောက်တောက်ကျနေသော ရေစိုဆံပင်ကို တစ်နေရာစီ လိုက်ကြည့်မိကာ ခေတ်မှာ အကြည့်တို့ကို မခွာနိုင်အောင် ဖြစ်ရသည်။

"ဟိုကလေး ..ငမ်းချင်ရင် အနီးကပ်ငမ်းမှ သေချာမြင်ရမှာပေါ့"

ကိုဂျွိုင်းက ခေတ်ကို လက်ယပ်ခေါ်ပြီး ပြောလိုက်တာမို့ ခေတ် ကိုင်ထားတဲ့ ဖုန်းကပါ ပြုတ်ကျသွားသည်။ ကိုဂျွိုင်းက ရယ်ကျဲကျဲ လုပ်ပြသည်။ ခေတ်က သူခိုးလူမိဖြစ်သွားလို့ နည်းနည်းရှက်မိသည်။

"အဟွတ်အဟွတ် ..မငမ်းပါဘူး၊ ဘယ်သူက ငမ်းလို့လဲ"

"မငမ်းဘူးပေါ့၊ အဲ့ဒါဆို ခေါင်းကို Dryer မှုတ်ပေးပါလား၊ ခေါင်းလျှော်ထားလို့"

"ဒီအတိုင်းကြီး Dryer မှုတ်မလို့လား၊ အဝတ်အစား အရင် မဝတ်ဘူးလား၊ အအေးပတ်မယ်လေ"

"ခေတ် ဝတ်ခိုင်းတော့လည်း ဝတ်ရမှာပေါ့၊ အဲ့ဒါဆို ပြီးမှပဲ ကိုယ့်ကို Dryer မှုတ်ပေးနော်"

ခေတ်လည်း ကိုဂျွိုင်းကို ခေါင်းညိတ်ပြလိုက်မိပြန် သည်။ ခေတ်တို့က ဘာတွေလဲ။ ကိုယ့်ကို ချစ်ရေးဆိုထားတဲ့ ယောင်္ကျားတစ်ယောက်ကို ဘာလို့ အကုန်လိုက်လျောပေးနေတာလဲ။ ခေတ် အရင်တုန်းက B to B တွေ ကို အမြင်မကြည်တာပါ။ အခုကျ ခေတ်မှာ အဲ့လိုစိတ်မျိုး ပျောက်ဆုံးနေတာ။ ခေတ်တော့ ဆေးမှားသောက်မိပြီး ထင်သည်။

Joy က အဝတ်အစား ဝတ်ပြီးတာနဲ့ ဒူးအထိရှည်တဲ့ long Coat သျှားနုရောင်ကိုပါ ဝတ်ဆင်ပြီးနောက် ကုတင်အဖျားစွန်းမှာ ဝင်ထိုင်လိုက်သည်။ ခေတ်လေးက Joy ကို ပြီတီတီရုပ်လေးနဲ့ မော့ကြည့်လာသည်။

"ကိုဂျွိုင်း ပြီးပြီလား၊ ဆံပင်ခြောက်အောင် Dryer မှုတ်ပေးမယ်"

ကိုယ့်ရဲ့ VIP [completed]Where stories live. Discover now