Chapter 18 ( Unicode)

17.8K 981 16
                                    

ခေတ်လည်း မနက်ခင်းနှင့်အတူ နေကောင်းပျောက်ပြီး အိပ်ရာနိုးလာသည်။ အိပ်ရာနိုးလာချိန်မှာ ကိုကိုက ခေတ်ဘေးမှာ မရှိတော့ပါ။ အခုချိန်ဆို Gym ကစားနေလောက်ပြီ။ ခေတ်လည်း အိပ်ရာထပြီး မျက်နှာသစ်လိုက်သည်။ ခေတ် နေကောင်းသွားပြီမို့ မီးဖိုခန်းထဲဝင်ပြီး မနက်စာ ပြင်ဆင်လိုက်သည်။ ပြီးသွားတာနဲ့ Gym အခန်းကို ထွက်လာလိုက်သည်။

"ခေတ်လေး ကိုကို့ကို လာကူဦး၊ ဒူးခေါင်းကို ချုပ်ထားပေး၊ အိပ်ထမတင် လုပ်မလို့"

"အင်း"

ကိုကိုက ကြမ်းပြင်ပေါ် ပက်လက်လှဲချပြီး လက်နှစ်ဖက်ကို ခေါင်း အနောက်မှာ ယှက်ထားလိုက်သည်။ ကိုကို့ဒူးခေါင်းတွေကို မလှုပ်ရအောင် ခေတ်က ကိုကို့ဒူးခေါင်းပေါ်မှာ ခွထိုင်ပေးလိုက်သည်။

ပြွတ် !

ကိုကိုက အိပ်ထမတင် တစ်ခါလုပ်တိုင်း ခေတ်ရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းပြီးမှ ကြမ်းပြင်ပေါ် ပြန်လှဲချသည်။ ကိုကို အိပ်ထမတင် အခါ ၅၀ လုပ်တော့ ခေတ်လည်း အခါ ၅၀ အနမ်းခံရသည်။ ကိုကိုက လူလည်ကြီး လုပ်လိုက်ရတာမို့ မျက်နှာက ပြုံးဖြီးနေသည်။

"ခေတ်လေး ဒီမှာ ပက်လက်လှဲချလိုက် .. လာ"

ကိုကို ဘာကို လူလည်ကျဦးမလို့လဲ။ ခေတ်လည်း ကိုကိုပြောတဲ့အတိုင်း ကြမ်းပြင်ပေါ် ပက်လက်လှဲချပေးလိုက်သည်။

"ဟီး .. ကိုကို ဒိုက်ထိုးမလို့"

"အမ် ..ခေတ်လည်း ဟိုနေ့က ဒိုက်ထိုးပါတယ်၊ အပိုလူ ကူပေးစရာမလိုပါဘူး ကိုကိုကလည်း"

"ဒါက ခေတ်သစ်ဒိုက်ထိုးနည်း၊ ခေတ်မသိသေးဘူး"

"ဟုတ်လား"

ကိုကို ဘယ်လို ဆန်းသစ်တီထွင်တဲ့နည်းလမ်းတွေနဲ့ ဒိုက်ထိုးပြမှာလဲလို့ ခေတ် ပက်လက်ကလေး အိပ်ချပြီး စောင့်နေလိုက်သည်။ ကိုကိုက ခေတ်အပေါ် အုပ်မိုးပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် လှမ်းထောက်လိုက်သည်။ ခြေဖျားကိုပါ စုစည်းပြီးတော့ ကြမ်းပြင်ပေါ်မှာ ထောက်ချလိုက်သည်။ ကိုကိုက ဒိုက်ထိုးတော့မယ့် အသင့်အနေအထား။ ခေတ်က ခြင်္သေ့မင်းရဲ့ ရင်အုပ်ကျယ်ကျယ်အောက်ထဲမှာ မိုးခိုနေသည်။

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora