ဒီနေ့က ခေတ်တို့တွေ ကိုရီးယားသွားကြမယ့်နေ့။ ခေတ်တို့တွေ လေဆိပ်ကိုရောက်နေကြပြီ။ ဒီတစ်ခါ ကိုရီးယားကို သွားတာက ခေတ်အတွက် ဒုတိယ အကြိမ်။ ပထမခရီးစဉ်မှာ ကိုကိုနှင့် ချစ်သူဖြစ်ခဲ့သည်။ အခုဒုတိယအကြိမ်မှာ ကိုကိုဟာ ခေတ်ရဲ့လက်တွဲဖော်။ နောက်ခရီးစဉ်တွေကျရင်တော့ ကိုကိုဟာ ကလေးတို့ရဲ့ ဖခင်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ အင်ချွန်းလေဆိပ်ကိုရောက်တော့ ကိုရီးယား စံတော်ချိန်အရ ည ၆ နာရီခွဲ။ ကိုကိုက လေဆိပ်ရောက်တာနဲ့ ကိုကို့ဖေဖေဆီကို ဖုန်းဆက်အကြောင်းကြားသည်။ လေဆိပ်မှာ ကိုကို့ဖေဖေရဲ့ တပည့်လေးက လာစောင့်ကြိုပေးသည်။ ကိုကိုနေတဲ့ တိုက်ခန်းကို လိုက်ပို့ပေးသည်။ ဆိုးလ်မြို့ရဲ့ ဆောင်းညက ခေတ်တို့ကို ခိုက်ခိုက်တုန်အောင် ချမ်းစေသည်။
ကားစီးရင်း လမ်းဘေးရှုခင်းတွေ ငေးရင်းငေးရင်း ကိုကို့တိုက်ခန်းကို ရောက်လာကြသည်။ ကိုကို့ဖေဖေရဲ့ တပည့်လေးက ခေတ်တို့ကို လိုက်ပို့ပေးပြီးတာနဲ့ အိမ်ပြန်သွားသည်။ ခေတ်တို့တွေ အဝတ်အစားထုပ်တွေကို အခန်းထဲ ပြန်လာထားကြပြီးမှ ညစာမစားရသေးတာမို့ ညစာထွက်စားဖို့ရန် အိမ်အပြင်ကို တစ်ခေါက် ပြန်ထွက်ရသည်။
ဆိုးလ်မြို့၏ ညချမ်းချိန်ခါသည် နှင်းတွေ တဖွဲဖွဲကျကာ အေးချမ်းလွန်းနေပြီး အနွေးထည်ရောင်စုံ ဝတ် ဆင်ထားကြသည့် လမ်းသွားလမ်းများ အရမ်းကို များပြားနေကာ မြို့ပြ၏ မီးရောင်စုံအလှအပများဖြင့် လှုပ်ရှားသက်ဝင်နေသည်။ ခေတ်တို့တွေ ညစာစားဖို့ကို ဝေးဝေးလံလံနေရာကို မသွားဖြစ်ကြဘဲ တိုက်ခန်းနားမှာ ဖွင့်ထားတဲ့ လူစည်ကားနေသည့် လမ်းဘေးဆိုင်ကိုပဲ ဝင်လာဖြစ်ကြသည်။
လမ်းဘေးဆိုင်ဆိုပေမယ့် တာလပတ် အကြည်ရောင်တွေနဲ့ အအေးလုံအောင် ကာရံထားလို့ ဆိုင်ထဲဝင်လိုက်တာနဲ့ အပြင်ဘက်လောက် အေးစိမ့်မနေတော့ပါ။ ဆိုင်ထဲမှာ အငွေ့တထောင်းထောင်းထနေသော အမဲအူပြုတ်နှင့် အသားကင်တွေကို ဆန်အရက်၊ ဆိုဂျူတို့နှင့်တွဲဖက်ပြီး ရောင်းချနေသည်။ ဆိုင်ထဲက လူတွေကလည်း ဆန်အရက်နှင့် ဆိုဂျူကို ကိုယ်စီသောက်လို့။ တချို့စားပွဲတွေမှာဆိုရင် အမူးလွန်ပြီးတော့ ခေါင်းမှောက်ကျနေတာတွေလည်း ရှိသည်။
VOCÊ ESTÁ LENDO
ကိုယ့်ရဲ့ VIP [completed]
Ficção Geral[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...