Chapter 11 ( Unicode )

21.4K 1.2K 12
                                    

ကိုကို့ရင်ခွင်ထဲမှာ ခေတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားကာ မျက်နှာလေးရွှင်လန်းပြီး အိပ်ရာနိုးလာသည်။ ကိုကို့ကိုကြည့်လိုက်တော့ အိပ်ပျော်နေတာတောင် ခေတ်ကို ဖက်ထားသည်။ ကိုကို့မျက်နှာက အေးအေးချမ်းချမ်းလေး။ ညက ခေတ်အပြစ်ပေးထားတဲ့ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာတွေ ရှိနေတာကလွဲရင် ကိုကိုက အရင်လိုပဲ ချောသန့်နေသည်။

ညတုန်းက ဆင်ရိုင်းကြီးလို မုန်ယိုနေခဲ့တဲ့ ကိုကိုမှ ဟုတ်ရဲ့လားလို့ သံသယဝင်စရာတွေနဲ့။ ညတုန်းက ကိစ္စကို ခေတ်မေ့ပစ်ပြီး ကိုကို့ပါးပြင်ကို ပွတ်သပ်နေမိသည်။ ကိုကို့ပါးပြင်ကို ခေတ် ရိုက်လိုက်မိတယ်လေ။ ကိုကိုက ဆိုးလွန်းတာကိုး။ ကိုကို့လက်တစ် ဖက်ကို ဆွဲယူကြည့်လိုက်သည်။ ညတုန်းက ဆေးလိမ်းပေးထားတာမို့ ဒဏ်ရာတွေက အကြောတင်းပြီး နည်းနည်းခြောက်နေပြီ။ ခေတ်စိတ်မကောင်းဖြစ်ရလို့ မျက်ရည်တွေဝဲတက်လာပြီး ကိုကို့လက်ဆစ်ထိပ်လေးတွေကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။

ကိုကို့လက်ဖမိုးကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ ကိုကို မနိုးလာသေးပါ။ ခေတ် ကုတင်ပေါ်က အသာဆင်းပြီး ရေချိုးခန်းထဲသွားကာ မျက်နှာသစ်လိုက်သည်။ ကိုကို့ထမင်းစားခန်းကို ဝင်ကြည့်တော့ Breakfast အတွက် ဘာမှမရှိ။ ခေတ် အပြင်ထွက်ပြီး Breakfast ဝယ်မလို့ ကိုကို့ကို ပြောသွားချင်လို့ အိပ်ခန်းထဲကို ပြန်ဝင်လာလိုက်သည်။

ကိုကို မနိုးသေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်းမို့ ကိုကို့ပါးပြင်တစ်ဖက်ကို ခိုးနမ်းပြီးတော့ အိမ်ရှေ့ခန်းက Coffee table ပေါ်မှာချထားတဲ့ ခေါက်ပိုက်ဆံအိတ်ကို ကောက်ဆွဲပြီး ကွန်ဒိုအပေါ်က ဆင်းလာလိုက်သည်။ ကွန်ဒိုနဲ့ အနီးဆုံးမှာ ရှိတဲ့ ကော်ဖီဆိုင်ကို လမ်းလျှောက်ထွက်လာလိုက်သည်။

တိုင်ကပ်နာရီကနေ တီးလုံးသံလေးတွေ မြည်လာချိန်မှာ Joy နိုးလာသည်။ မျက်လုံးမဖွင့်ဘဲ ခေတ်လေးရဲ့ ကျောပြင်ကို စမ်းလိုက်သည်။ နွေးအိနေတဲ့ ကျောပြင်က လွတ်ကင်းနေပြီး လေဟာနယ်ကိုပဲ စမ်းမိ သည်။ မျက်လုံးမဖွင့်သေးဘဲ အိပ်ရာခင်းကို ထပ်ပြီး စမ်းကြည့်လိုက်သည်။ ခေတ်ရဲ့နေရာလေးမှာ အေးစက်နေတဲ့ အိပ်ရာခင်းကိုပဲ Joy စမ်းမိသည်။

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora