Chapter 16 ( Unicode)

18.1K 1K 22
                                    

Joy ကုမ္ပဏီအပြန်မှာ ခေတ်ကို ဝင်ခေါ်ဖို့မလိုတာမို့ အိမ်ကိုပဲ တန်းပြန်လာသည်။ အိမ်ရှေ့ရောက်တဲ့အခါ အခန်းတံခါး passwordကို မရိုက်ထည့်ဘဲ လူခေါ်ဘဲလ်ကိုသာ နှိပ်လိုက်သည်။

တင်း ...တောင် !

ဘဲလ်ကို တစ်ချက်နှိပ်ပြီး မိနစ်ဝက် စောင့်သည်။ ခေတ်လေးက တံခါးလာမဖွင့်သေးပါ။

တင်း တောင် !

လူခေါ်ဘဲလ်ကို နောက်တစ်ခေါက် ထပ်နှိပ်လိုက်သည်။ ခေတ်လေးက ရောက်မလာသေး။

တင်း တောင် !

၃ ကြိမ်မြောက် နှိပ်ခြင်း။ ဒီတစ်ခါမှ ခေတ် တံခါးလာမဖွင့်လျှင် ဘာလုပ်ရင်ကောင်းမလဲလို့ ဉာဏ်နီဉာဏ် နက်ထုတ်ပြီး စဉ်းစားနေတုန်းမှာ အခန်းတံခါး ပွင့်သံနှင့်အတူ အမေပြောတဲ့ အမောပြေလေးက အေပရွန်ကို ကပိုကရိုဝတ်ပြီး အပြုံးလေးနဲ့ တံခါးဖွင့်ပေးလာသည်။

"ကိုကို အိမ်ပြန်လာပြီလား၊ ပေးပေး ခေတ်ကိုပေး၊ ခေတ် ယူသွားမယ်"

အိမ်ထဲဝင်လိုက်တာနဲ့ နွေးထွေးစွာ ကြိုဆိုပေးတဲ့ ကိုယ့်ရဲ့အသည်းတစ်ခြမ်း။ အမောပြေခေတ်လေးက Joy ကိုင်ထားတဲ့ လက်ဆွဲအိတ်ကို လက်ပြောင်းယူလိုက်တဲ့အပြင် ကုတ်အင်္ကျီကိုပါ ချွတ်ပေးလာသည်။

"ကိုကို ပင်ပန်းလာပြီလား၊ ခေတ် ဖျော်ပေးထားတာ သောက်လိုက်ဦး"

ခေတ် ကမ်းပေးတဲ့ဖန်ခွက်ကို ယူသောက်လိုက်တဲ့အခါ သံပုရာရည် ချိုချဉ်အေးလေး ဖြစ်နေသည်။ သံပုရာရည်သောက်လို့ ဆိုတာထက် ခေတ်ပေးတဲ့ နွေးထွေးမှုက Joy အတွက် ပိုပြီးအမောပြေစေ သည်။ လိုချင်နေတဲ့ဘဝက ဒါပါပဲ။ နွေးထွေးတဲ့လက်တစ်စုံ အမြဲတမ်း ကမ်းပေးဖို့။ နွေးထွေးတဲ့လူသားတစ်ဦး Joy အနားမှာ အမြဲတမ်း ရှိနေပေးဖို့။

"ကိုယ့်ခေတ်လေးက တော်လိုက်တာ၊ အိမ်ရှင်ထီးလေး ပီသပါပေတယ်"

ဆိုဖာပေါ်မှာထိုင်နေတဲ့ ကိုကို့ပေါင်ပေါ်မှာ ခေတ် ထိုင်ချလိုက်သည်။ ကိုကို့လည်တိုင်ကို လက်နှစ်ဖက်နဲ့ တွဲခိုဖက်ထားလိုက်သည်။

"ကိုကို"

"ဗျ"

"ကုမ္ပဏီမှာ ဝန်ထမ်းတွေနဲ့ အဆင်ပြေခဲ့လား"

ကိုယ့်ရဲ့ VIP [completed]Donde viven las historias. Descúbrelo ahora